ArticleReviews

Game of Thrones ကို အဆုံးမသတ်ချင်သူများအတွက် “Game of Thrones Slots Casino”

Game of Thrones ဇာတ်လမ်းတွဲကြီးကတော့ အဆုံးသတ်ကိုရောက်သွားပေမယ့် ကံကောင်းစွာနဲ့ပဲ သူ့ရဲ့အလွမ်းပြေဂိမ်းလေးကို Game of Thrones Slots Casino နာမည်နဲ့ Zynga ကထုတ်လုပ်ပေးထားပါတယ်။ Game of Thrones Slot Casino ဟာဆိုရင် သင့်ကို final season အကြောင်းကိုပါ မေ့သွားစေမှာပါတဲ့နော်။ ဂိမ်းက လုံးဝကို original အတိုင်း ဖန်တီးထားပေမယ့် ကစားရတဲ့ စတိုင်ကတော့ နည်းနည်း သိပ်မမိုက်ဘူးလို့ ခံစားရသလိုပဲ။ ဒါကလည်း အက်မင်က RPG နဲ့ Battle Royal တွေကို ကစားများသွားလို့လည်းဖြစ်မှာပါလေ။ XD

Developer Zynga ဘက်ကတော့ စီးရီးကိုအားပေးကြတဲ့ အမာခံပရိသတ်တွေအတွက် ခုလိုဂိမ်းမျိုးထုတ်ရတာကို ဂုဏ်ယူကြောင်း ၊ ဂိမ်းထဲမှာလည်း မူရင်းစီးရီးထဲကအတိုင်းအမိုက်စား အရသာတွေကိုပေးနိုင်ဖို့ မျှော်လင့်ကြောင်းကို ရေးထားပါတယ်။ Visual နဲ့audio ဒီဇိုင်းပိုင်းကတော့ စီးရီးထဲကအတိုင်း ထည့်သွင်း ထားပါတယ်။ Character တွေကလည်း လုံးဝကို အလန်းတွေပါ။ ဂိမ်းထဲမှာတွေ့ရမယ့်feature အချို့မှာWesteros atmosphere ပါဝင်ပါတယ်။Game of Throne ထဲကအတိုင်းဆိုတော့ ရုပ်ရှင်ကြည့်ဖူးတဲ့ သူတွေဆိုရင်ပိုပြီးကြိုက်ကြမှာပါ။

ဂိမ်းထဲမှာဆိုရင် TV show ထဲက ရင်သပ်ရှုမောဖွယ်မြင်ကွင်းတွေနဲ့ epic theme တွေကို Las Vegas-style slot machine တွေနဲ့ပေါင်းစပ်ပြီး တွေ့ရမှာပါ။ ဂိမ်းထဲမှာ player က Westeros ရဲ့ နိုင်ငံ၇နိုင်ငံကို သိမ်းပိုက်ဖို့ House တစ်ခု ဖန်တီးရမှာပါ။ Player အချင်းချင်း House တစ်ခုမှာ အတူတူဝင် joinတာရော House ကိုတည်ဆောက်တာတွေပါ လုပ်နိုင်ပါတယ်။Iron Throne ကို အုပ်ချုပ်ဖို့နဲ့ coin တွေစုဆောင်းဖို့အတွက် သူငယ်ချင်း/မိသားစုဝင်တွေနဲ့ အတူတူ ကစားလို့လည်း ရပါတယ်။ Game of Thrones Slots Casino ကို အခုချိန်မှာ iOS/Android နှစ်ခုလုံးနဲ့ ကစားလို့ရနေပါပြီ။ မDown ခင် ကိုယ့်အကြိုက်နဲ့ ကိုက်မကိုက်သိရအောင် အောက်က Trailer Video လေးကို ကြည့်ဖြစ်အောင် ကြည့်သွားလိုက်ပါဦးနော်။

Download Link – Android , iOs

Source – CBR , Cnet

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password