ရုပ်ရှင်ထဲကအတိုင်း Zombie တွေကို တိုက်ခိုက်ရမယ့် သည်းထိတ်ရင်ဖိုဂိမ်း World War Z

အားလုံးပဲ မင်္ဂလာရှိသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ မိုးအေးအေလေးမှာ ဂိမ်းကောင်းကောင်းလေးနဲ့ ကွေးမယ်လို့ ရည်ရွယ်ထားတဲ့ ညီတို့ညီမတို့အတွက် သည်းထိတ်ရင်ဖို World War Z ဆိုတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World War Z ဆိုတာနဲ့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ နာမည်ကြီး ဒိတ်ဒိတ်ကြဲ မင်းသား Bratt Pitt ရဲ့ World War Z ရုပ်ရှင်ကို ဂိမ်းအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

ဒီဂိမ်းလေးဟာဆိုရင် ကိုယ်ကိုယ်တိုင် ရုပ်ရှင်ထဲရောက်သွားသလို ခံစားရစေမှာဖြစ်ပါတယ်။ Story Mode နဲ့ Challenge Mode ဆိုပြီး နှစ်မျိုးဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Story Mode မှာတော့ Doug က သားဖြစ်သူ Rob ကို သွားရောက်ကယ်ဆယ်နိုင်ဖို့ Zombie တွေကို ကြိုးစားတိုက်ခိုက်ပြီး ထွက်ပြေးရတဲ့ပုံစံမျိုး ကို သည်းထိတ်ရင်ဖို ဆော့ကစားရမှာဖြစ်ပါတယ်။ Challenge Mode မှာတော့ Denver, Kyoto, Paris ဆိုပြီး အခန်းသုံးခန်းပါဝင်မှာဖြစ်ပြီး Zombie တွေကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။ Graphic ပိုင်းလည်းတော်တော်ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ Fear Themes လေးတွေနဲ့ ဒီဂိမ်းကိုဆော့ကစားချင်တယ်ဆိုရင်တော့

https://itunes.apple.com/us/app/world-war-z/id635750965?mt=8

https://play.google.com/store/apps/details?id=com.Phosphor.WWZ&hl=en

မှာ Download ရယူနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password