ArticleNews

Netease ရဲ့ စူပါဟီးရိုးမိုဘိုင်းလ်ဂိမ်းအသစ် “Marvel Super War”

MOBA game play တွေ ခေတ်ထနေတဲ့အချိန်မှာ Netease နဲ့ Marval တို့ ပူးပေါင်းဖန်တီးထားတဲ့ upcoming MOBA ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ MOBA game play ကလည်း တော်တော်များများနဲ့ ရင်းနှီးပြီးသားဆိုတော့ ထူးထူးထွေထွေတော့ ခက်ခဲမယ်မထင်ပါဘူး။ Marvel Fan တွေအတွက်တော့ Phone ထဲမှာ နေရာယူဦးမယ့် Game ကောင်းလေးဖြစ်ဦးမှာပါ။ ဒီ Marvel Super War ကNetease ရဲ့မကြာခင်ရောက်ရှိလာမယ့် MOBA ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းထဲမှာAvenger Hero တွေတော်တော်များများကို ထည့်ပေးထားပါတယ်။ ဂိမ်းထဲမှာ စိတ်ကြိုက်Hero တွေPick ပြီး  5 Vs 5 တိုက်ခိုက်ရမှာပါ။ မြင်သာသွားအောင် Video လေးတစ်ချက် ၀င်ရှိုးလိုက်ကြည့်ပါဦး။။။

Marvel Universe က ဇာတ်လိုက်ကျော်တွေနဲ့ ဗီလိန်တွေကို တစ်စုတစ်စည်း တွေ့ရှိရမယ့်ဂိမ်းဖြစ်ပြီး Android ရော iOS ရောဆီကို free to play အနေနဲ့ရောက်လာမှာပါ။ အခုချိန်မှာတော့သူ့ကိုclosed beta အနေနဲ့ သတ်မှတ်ထားတဲ့နိုင်ငံတချို့မှာတော့ ကစားလို့ရနေပါပြီ။Betaကစားခွင့်ရထားတဲ့နိုင်ငံတွေကတော့ ထိုင်း၊ မလေး၊အင်ဒို၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့မှာပဲဖြစ်ပါတယ်။

Netease ရဲ့ဂိမ်းဆိုတော့လုံးဝကို ကောင်းမယ့်ဂိမ်းတစ်ခုဆိုတာ ပြောဖို့တောင်လိုမယ်မထင်တော့ပါဘူး။ Avenger တွေပါတဲ့ MOBA ဂိမ်းကိုမှ ရွေးပြီးကစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးက အကြိုက်တွေ့ကြဦးမှာပါ။ထွက်ရှိလာရင်လည်း အမြန်ဆုံးလက်တို့လိုက်မှာမို့ Playonကို see first လုပ်ထားပေးနော်။ <3

Source – Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password