ActionArticle

PUBG Mobile ဂိမ်းနဲ့ ပင်လယ်ရပ်ခြားနိုင်ငံတွေမှာပါ အနိုင်ပန်းနေတဲ့ Tencent

ခုနောက်ပိုင်း လူငယ်တွေကြားမှာ တစ်စတစ်စနဲ့ လူကြိုက်များ ရေပန်းစားလာတဲ့ PUBG Mobile ဟာ တစ်နှစ်မှာ ကစားသမား ၂၆၃သန်း အထိကို ဆွဲဆောင်နိုင်နေပါတယ်။ PUBG ကြောင့်ပဲ တရုတ်နိုင်ငံအခြေစိုက် Tencent ဟာ လည်း တော်တော်လေးကို တွက်ချေကိုက်နေတဲ့ သဘောမှာရှိနေပါတယ်။

တရုတ်ပြည်ရဲ့ နောက်ခံတောင့်တဲ့ ကုမ္ပဏီတွေအဖြစ် Tencent နဲ့ သူနဲ့အပြိုင် Alibaba တို့ဟာ ကောင်းမွန်တဲ့ အခြေအနေတွေမှာ ရှိနေပေမယ့် Facebook နဲ့ Google တို့ကတော့ အကြောင်းကြောင်းကြောင့် တတ်သင့်သလောက်တတ်မလာပဲ ရှိနေကြပါတယ်။ ByteDance ရဲ့ ကိုယ်ပိုင် ဗီဒီယိုအတိုဖန်တီးတဲ့ နာမည်ကြီး app တစ်ခုဖြစ်တဲ့ TikTok ဟာလည်း ပြီးခဲ့တဲ့လကတင် ၁ဘီလီယံ ဒေါင်းလုတ်အရေအတွက်ထိ ရရှိသွားပြီးလို့ သိရပါတယ်။

PUBG ဟာနိုင်ငံတကာမှာ တစ်ဟုန်ထိုး အောင်မြင်နေပေမယ့် တရုတ်နိုင်ငံမှာတော့ တားမြစ်ချက်တွေအရ တတ်သင့်သလောက် မတတ်လာဘူးလို့ သိရပါတယ်။အခုကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း Tencent ဘက်က ခုလို ပြောထားပါတယ်။

“နိုင်ငံအချို့က နယ်မြေပိုင်း ဆိုင်ရာဆိုင်ရာတွေက ကျနော်တို့ဂိမ်းကို ဘန်းတယ်လို့ သိရတဲ့အတွက် အံ့သြမိပါတယ်။ကျနော်တို့တွေ ဘန်းရတဲ့ အကြောင်းအရင်းရဲ့ အခြေခံ စည်းမျဉ်း ဥပဒေတွေကို နားလည်ဖို့လည်း ကြိုးစားနေပါတယ်။ နိုင်ငံပိုင်း ဆိုင်ရာဆိုင်ရာတွေကိုလည်း သူတို့တားမြစ်ထားတဲ့ဂိမ်းအပေါ်ထားတဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ရှင်းပြပေးမှာပါ။”

လေယူလေသိမ်းအရ Tencent ဘက်က PUBG ဂိမ်းကို နိုင်ငံအချို့တွေမှာ တားမြစ်(ဘန်း) ထားတဲ့ ကိစ္စကို သိပ်ပြီး ကျေနပ်ပုံမပေါ်ပါဘူး။ သူ့ဘက်က ကြည့်ရင်လည်း ဟုတ်ပါတယ်လေ။ ခုလို တားမြစ်ချက်တွေ ပိုများလာလေလေ သူ့အတွက် ထိခိုက်လေဆိုတော့လည်း။

PUBG ကစားသူ အများစုက Google Play Store ကနေတစ်ဆင့် ဒေါင်းလုတ်လုပ်တဲ့သူတွေဖြစ်တယ်လို့ သိရပြီး App Store က တော့ ဒုတိယ နေရာမှာပဲ ရှိပါသေးတယ်။

Source – ft

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password