ArticleNews

ဇွန်ဘီ Mobile Game အတွက် နမူနာဗီဒီယိုကို ချပြလိုက်တဲ့ Tencent

ဂိမ်းကစားသူ အများစုသိကြတဲ့အတိုင်း တရုတ်ဂိမ်းကုမ္မဏီတွေက သူတို့ရဲ့ထုတ်ကုန်အသစ်တွေဖြစ်တဲ့ ဂိမ်းအသစ်တွေကို ပိုပိုပြီးလွတ်လွတ်လပ်လပ် ဖန်တီးလာကြပါတယ်။ ဒီတစ်ခေါက်မှာလည်း Tencent က ထုတ်လုပ်လိုက်တဲ့ ဇွန်ဘီဂိမ်းက တော်တော်လေးကို ကောင်းနေတာကိုတွေ့ရပါတယ်။ (Tencent ကလည်း ရှယ်ကြိုးစားချက်) ဂိမ်းရဲ့နာမည်က代号:生机 ဖြစ်ပြီး သူ့ကိုဘာသာပြန်လိုက်ရင် Code:Live လို့အမည်ရပါတယ်။

代号:生机 က ဇွန်ဘီတွေနဲ့တိုက်ရတဲ့ open world survival ခေါင်းစဉ်ဂိမ်းဖြစ်ပြီး Tencent အတွက် ပထမဦးဆုံးဇွန်ဘီဂိမ်းဆိုလည်း မမှားပါဘူး။ နမူနာဗီဒီယိုလေးကိုတော့ မကြာခင်ကမှ တရားဝင် ကြေညာလိုက်တာပါ။ အက်မင်တကယ်ပြောချင်နေတဲ့အကြောင်းအရာလာပါပြီ။ အဲ့တာကတော့ အောက်ကနမူနာဗီဒီယိုလေးကို ဝင်ကြည့်ကြည့်လိုက်ပါ။ လုံးဝလုံးဝကို တန်စေရပါတယ်။ အရမ်းကိုဆွဲဆောင်မှုရှိလွန်းလို့ ခုချက်ချင်းတောင် ကစားချင်သွားမယ့် Trailer မျိုးပါ။ Tencent ရဲ့ ညို့ ချက်က အရမ်းပြင်းတာနော် ။ စိတ်နိုင်မှ ကြည့်ကြပါလို့။ XD

ကဲကဲ..မပြောခဲ့ဘူးလား…လုံးဝကို အမေးဇင်းပါလို့။ ။ ဒါပေမယ့် Theme ပုံစံကိုတော့ Western title တွေဖြစ်တဲ့ Days Gone ၊ Metal Gear Survive ၊ Left 4 Dead နဲ့ State of Decay တို့ပုံစံကို ရဲရဲတင်းတင်း ယူထားတဲ့ပုံပါပဲ။ နမူနာဗီဒီယိုကို အခုမှ ထုတ်ပြသေးတာကြောင့် ထွက်ရှိမယ့် ရက်ကိုတော့ ဘယ်အချိန်ထွက်လာမယ်လို့ မမှန်းနိုင်သေးပါဘူး။ တကယ့်ကိုကောင်းတဲ့ဂိမ်း တစ်ခုဆိုတာတော့ Trailer နဲ့တင်ဖော်ပြနေတာကြောင့် စောင့်ကြည့်ရမယ့် ဂိမ်းတစ်ခုတိုးတာပေါ့။ XD

Source – Bloody disgusting

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password