ArticleNews

ဇူလိုင် ၁၁ ရက်နေ့မှာ တရားဝင်ထွက်ရှိမယ့် “Sky”

ဒီတစ်ခေါက်မှာတော့ Playon က သူငယ်ချင်းတို့အတွက် Gameplay ပုံစံဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ “Sky” ဆိုတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့ကို ‘Journey’ ဂိမ်းရဲ့ဖန်တီးသူကပဲ ထုတ်လုပ်ထားတာပါ။ Sky: Children of the Light ရဲ့ ထွက်ရှိချိန်က တော်တော်လေးကို ကျန့်ကြာနေတာကြောင့် အချို့ဆိုရင် မထွက်တော့ဘူးလို့တောင် ထင်နေကြတာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ခုတစ်ခေါက်တော့ လုံးဝကို သေချာသလောက် ရှိပါတယ်။ iOS သီးသန့်အနေနဲ့ ရောက်လာမှာဖြစ်လို့ Android အသုံးပြုတွေကတော့ စိတ်မကောင်းစရာပါ။ ကစားလို့ရမှာ မဟုတ်ပါဘူး။

Sky: Children of the Light က Storyline နဲ့ သွားတဲ့ ဂိမ်းဖြစ်တာကြောင့် ကစားနေတဲ့သူတွေကို ဇာတ်ကြောင်းထဲ စီးမြောသွားစေမှာပါ။ဒါ့အပြင် စွန့်စားခန်းတွေကိုလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းရမှာနော်။ နောက်တစ်ခု ထူးခြားချက်က ဂိမ်းထဲကဇာတ်ကောင်က ကောင်းကင်မှာ ပျံပြီးသွားရတာပါ။ မတူကွဲပြားတဲ့ အရသာတစ်ခုကို ပေးစွမ်းနိုင်လို့ အက်မင်ကတော့ လုံးဝကို မိုက်တယ်လို့ ခံစားရပါတယ်။နမူနာ ဗီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါဦး။

လျို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နေတဲ့ မတူညီတဲ့ ပတ်ဝန်းကျင်အနေအထားကလည်း လုံးဝကိုအမေးဇင်းနော်။ သူတို့အားလုံးကို Trailer ကြည့်ရင်ပဲ အပြည့်အစုံ ခံစားမိစေမှာပါ။ တည်တည်ငြိမ်ငြိမ်နဲ့ Storyline ပုံစံကစားချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ဂိမ်းပါ။ အက်မင်ကတော့ Trailer နဲ့တင်သဘောကျသွားပါပြီ။ ထွက်လာရင် ကစားကြည့်ကြဦးနော်။ ခုလောလောဆယ်တော့ App Store မှာ pre-order ထားလို့ရပါပြီ။ Sky: Children of the Light ဆိုတဲ့နာမည်နဲ့ ရှာကြည့်ပေးပါနော်။

Source – engadget

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password