ArticleNews

မိုလ်ဘိုင်းပေါ်ကိုရောက်ရှိလာတော့မယ့် Serial Cleaner

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို လူသတ်ဂိမ်း လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းရဲ့ နာမည်ကတော့ Serial Cleaner ပါ။ အခုအချိန်မှာတော့ သူ့ကို iOS ဗားရှင်း အတွက် တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ Android ဗားရှင်းအတွက်တော့ မကြေညာသေးတာ အံ့သြစရာပါ။

နာမည်ကိုက Serial Cleaner ဆိုတော့ player က ကွင်းဆက်လူသတ်တဲ့ မှုခင်းတွေ လုပ်ရမှာပါ။ Serial Cleaner ထဲမှာ သင်က အဖမ်းမခံရဘဲ မှုခင်းတွေ ဆောင်ရွက်နိုင်အောင် စိန်ခေါ်ရမှာပါ။ ပြစ်မှုကျူးလွန်တဲ့နေရာမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ လူဆိုးလူမိုက်ကြီး တစ်ယောက်အဖြစ် ပါဝင်ရမှာပေါ့နော်။ဂိမ်းက puzzle နဲ့ Serieal ပေါင်းစပ်ထားတဲ့ဂိမ်းလေးဖြစ်ပြီး ဂိမ်းထဲမှာလည်း မာဖီးယားဂိုဏ်းအတွက် ရဲတွေရဲ့ အဖမ်းမခံရအောင် ရှောင်ရှား ကျော်လွှားရမှာဖြစ်လို့ တကယ့်ကို မိုက်ပါတယ်။သူ့ရဲ့ Switch နမူနာ ဗီဒီယို အောက်မှာ ကြည့်နိုင်ပါတယ်။

Graphic ဒီဇိုင်းက 2D လောက်ပဲဆိုပေမယ့် ဆော့လို့မကောင်းတဲ့ ဂိမ်းတော့ မဟုတ်ပါဘူး။
Developer ရဲ့အဆိုအရ Android ဗားရှင်းအတွက် အချိန်ယူရမှာဖြစ်တာကြောင့် iOS ဗားရှင်းကိုပဲ မိတ်ဆက်ပေးတာလို့ သိရပါတယ်။ဂိမ်းထဲအကြောင်းလေး အပြည့်အစုံကိုတော့ ဒီ Stream ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ အခုအချိန်ထိတော့ သူ့ကို Switch ပေါ်မှာပဲ ကစားလို့ရပါတယ်။
ကဲ…ဘော်ဒါတို့ရေ…ဘယ်လိုလဲ…ကွင်းဆက်လူသတ်သမားကြီးလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား???

Source- Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password