ArticleNews

Riot Games နဲ့ Tencent ပေါင်းပြီး esport Company တစ်ခု တည်ထောင်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က တရုတ်သတင်းမီဒီယာတစ်ခုမှ Riot Games နဲ့ Tencent တို့ရဲ့ ပူးပေါင်းမှု အကြောင်းကို ဖော်ထုတ်ပြသခဲ့ပါတယ်။တရုတ်မီဒီယာရဲ့ အဆိုအရ Riot နဲ့ Tencent တို့ရဲ့ ပူးတွဲလုပ်ငန်း ကို ရှန်ဟိုင်းမှာ တည်ထောင်မယ်လို့ သိရပါတယ်။ အဆိုပါ Esports ပူးတွဲလုပ်ငန်းမှာ League Of Legends ပွဲစဉ်တွေနဲ့ အခြား ပွဲစဉ်တွေကို ထည့်သွင်း ကျင်းပမှာဖြစ်ပါတယ်။

အဖွဲ့အစည်းရဲ့ တိုးတတ်မှုတွေနဲ့ နောက်ပိုင်း အစီအစဉ်တွေကိုလည်း Riot Games နဲ့ Tencent ကပဲ အတူတူပူးတွဲလုပ်ဆောင်သွားမှာပါ။ ပူးတွဲလုပ်ငန်းရဲ့ ရှယ်ယာတွေကိုတော့ ၅၀/၅၀ စီခွဲကြမယ်လို့ သိရပါတယ်။ ပူးတွဲလုပ်ငန်းရဲ့ စီအီးအိုနေရာကို IEG မှ League Of Legends ရဲ့ အကြီးအကဲ ဂျင် အီး-ဘို နှင့် တရုတ် နိုင်ငံ Riot Games ရဲ့ အကြီးအကဲ လင်စောင်း တို့မှ ပူးတွဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။

အခုလို Tencent နှင့် Riot Games တို့ရဲ့ ပူးပေါင်းမှုက Esports လောကအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခု ဖြစ်လာမှာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။ Tecent က Esports လောကမှာ တရိပ်ရိပ် နယ်မြေချဲ့လာတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းကလည်း Blockchain Esports company နဲ့ ပူးပေါင်းပြီး streaming platform တွေကို ဖန်တီးခဲ့ပါတယ်။

Playon က Esports fan ဘော်ဘော်တို့ရော ဘယ်လိုလဲ?? Tencent နဲ့ Riot Games တို့ရဲ့ စိတ်ဝင်စားဖွယ် LOL ပွဲစဉ်တွေကို စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား။

Ref: – www.invenglobal.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password