ArticleNews

PUBG Mobile ကိုဘန်းထားတဲ့ နိုင်ငံ ၄နိုင်ငံ

PUBG Mobile ဟာဆိုရင်ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်နေတဲ့ဂိမ်းပါ။ ဒါပေမယ့် PUBG Battleground ဂိမ်းကိုတားမြစ်ပိတ်ပင်(ဘန်း)ထားတဲ့နိုင်ငံများလည်းရှိပါတယ်။ အဲ့ဒီ နိုင်ငံအချို့အကြောင်းကို အက်မင်ပြောဖူးပါတယ် ။ အဲ့နိုင်ငံတွေထဲကမှ အချို့ကို နေရာအနည်းငယ်မှာပဲ တားမြစ်ထားတာဖြစ်ပြီး အချို့တွေမှာတော့ နိုင်ငံရဲ့နယ်ပယ်တိုင်းလိုလိုမှာ ပိတ်ပင်ထားတာဖြစ်ပါတယ်။

PUBGကိုဘန်းထားတဲ့နိုင်ငံတွေရဲ့ အဓိကအကြောင်းအရင်းကတော့ ကျောင်းသားငယ်လေးတွေသူတို့ရဲ့ကျောင်းစာ၊တာဝန်တွေမလုပ်တော့ဘဲ ဂိမ်းကိုပဲအလွန်အမင်းစွဲလမ်းမှုဖြစ်နေတာကြောင့်လို့သိရပါတယ်။ ဒါ့အပြင် နောက်အကြောင်းရင်းတစ်ခုက ဂိမ်းထဲမှာပါတဲ့ရန်သူတွေကိုတိုက်ခိုက်ရမယ့်လက်နက်တွေနဲ့ဗျူဟာတွေက ကစားသမားတွေကို စိတ်ပိုင်းဆိုင်ရာအညံ့ပိုင်းဆီကို သက်ရောက်နိုင်တယ်ဆိုတာကြောင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တုန်းကများပြားလှတဲ့ပညာရှင်တွေဟာ PUBGလိုgameplayမျိုးမှာပါတဲ့ ဂိမ်းတွင်းသက်ရောက်မှုတွေအကြောင်းလေ့လာခဲ့ပါတယ်။သုတေသီတစ်ယောက်ကဗီဒီယိုဂိမ်းကစားတဲ့ကလေးတွေဟာနေ့စဉ်နေ့တိုင်းကြုံတွေ့ရတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့်စိတ်အားထက်သန်မှုဗျူဟာတစ်ခုတိုးတတ်နိုင်တယ်ကြောင်းပြသခဲ့ပေမယ့် သာမန်ထက်ပိုသွားရင်တော့ “တန်ဆေး လွန်ဘေးဖြစ်သွားနိုင်တယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အဆိုပါအကြောင်းအရင်းတွေနဲ့ပေါ်ပျူလာBattle Royale ဂိမ်းကိုတားမြစ်ထားတဲ့နိုင်ငံတွေက၄နိုင်ငံတောင်ရှိနေပါပြီ။ သူတို့တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

အိန္ဒိယ

အိန္ဒိယမှာတော့ PUBGကိုနိုင်ငံအဝှမ်း မဘန်းထားသေးပါဘူး။တစ်နိုင်ငံလုံးကိုမှ ဘန်းထားတဲ့နေရာ နှစ်နေရာပဲရှိပါသေးတယ်။ ပထမတစ်နေရာကTamil Nadu မှာရှိတဲ့Vellore Institute of Technology ဖြစ်ပါတယ်။အဆိုပါInstitute ကPUBG Mobile ကိုတက္ကသိုလ်ပရဝုဏ်အတွင်းကစားခွင့်ပိတ်ထားပါတယ်။အခုလိုဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီးကျောင်းသားတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိပေမယ့် အာဏာပိုင်တွေဟာဂိမ်းကစားခြင်းက ကျောင်းသားတွေကိုသူတို့ရဲ့အိမ်စာတွေဆီက ဝေးကွာစေတယ်လို့ယူဆပြီး တားမြစ်ခြင်းကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ဒုတိယဘန်းလိုက်တဲ့နေရာတစ်ခုကတော့ Gujrat မှာဖြစ်ပါတယ်။အဲ့နေရာကအိန္ဒိယဝန်ကြီးချုပ်Narendra Modi ရဲ့မွေးရပ်မြေလည်းဖြစ်ပါတယ်။ Gujrat High တရားရုံး ကတားမြစ်ထားတဲ့ ဂိမ်းကို ကစားပါက ထောင်နန်းစံရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် Rajkot Police မှလည်း လူတွေဂိမ်းထပ်ပြီး မကစားမိစေရန်PUBG Mobile app ကိုPlay Store ကလုံးဝဖြုတ်ချပေးဖို့Google ကိုတောင်းဆိုခဲ့ပါတယ်။
အိုး… အိန္ဒိယရဲ့PUBG ကိုဘန်းတဲ့ ဗျူဟာကတော့လုံးဝကိုအမေးဇင်းပါပဲနော်။

တရုတ်

၂၀၁၈ခုနှစ်တုန်းကတရုတ်ပြည်မှOnline Gaming Ethics Review Committee က ဗီဒီယိုဂိမ်း၂၀ကို ဘန်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲ့ဒီဂိမ်း၂၀ထဲမှာPUBG နဲ့Fortnite အပါအဝင်နာမည်ကြီးဂိမ်း၉ခုပါဝင်ပါတယ်။ Battleground ဂိမ်းတွေကိုဘန်းရတဲ့အကြောင်းအရင်းကGameplay မှာအလွန်အမင်းကြမ်းကြုတ်မှုတွေပါဝင်တာကြောင့်လို့သိရပါတယ်။
အာဏာပိုင်တွေကသွေးတွေနဲ့လက်နက်တွေရဲ့ ကြမ်းကြုတ်မှုတွေကကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ဆိုးရွားတဲ့စိတ်ခံစားချက်တွေဖြစ်စေနိုင်တယ်လို့ယုံကြည်ထားပါတယ်။

နီပေါ

နီပေါအစိုးရကလည်းPUBGကို ဧပြီလတုန်းကဘန်းခဲ့တာပါ။ ကလေးအများစု”ChickenDimner”စားရဖို့ နေတိုင်းဂိမ်းကို အရူးအမူးစွဲလမ်းပြီး ထမင်းမေ့ဟင်းမေ့ဖြစ်နေတဲ့အချက်ကိုဖော်ထုတ်ခဲ့တယ်။သူတို့တွေကနီပေါTelecommunication Authority (NTA) ကိုဖွဲ့စည်းပြီး Mobile service provider တွေနဲ့Network service provider တွေဖြစ်တဲ့ISPs ကိုPUBG ကိုblock ဖို့အမိန့်ပေးထားပါတယ်။ ဒီဆုံးဖြတ်ချက်က တရားရုံးမှာရှေ့နေတွေနဲ့လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး ပြည်သူတွေကလည်းနိုင်ငံသားတိုင်းသူတို့အင်တာနက်ကိုလွတ်လပ်စွာသုံးခွင့်ရနိုင်မယ့် တရားမျှတမှုကိုပြန်ရှာလျှက်ရှိပါတယ်။

အီရတ်

အီရတ်ကလည်းPUBG Mobile ကိုနီပေါနဲ့တစ်ချိန်တည်းမှာဘန်းခဲ့တာပါ။အီရတ်အစိုးရကPUBG Mobile ကိုရောFortnite ကိုရောကိုနိုင်ငံတစ်ဝှမ်းမှာဘန်းခဲ့တာပါ။ဘန်းရတဲ့အကြောင်းအရင်းကအီလက်ထရွန်းနစ်ဂိမ်းအချို့ရဲ့ သက်ရောက်မှုတွေက ကျန်းမာရေး၊ယဉ်ကျေးမှု၊ကလေးလူငယ်တွေရဲ့ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုအပါအဝင် အီရတ်လူနေမှုဘဝရဲ့လုံခြုံရေးကိုထိခိုက်စေနိုင်တာကြောင့်လို့သိရပါတယ်။

နိုင်ငံလေးနိုင်ငံဖြစ်တဲ့အိန္ဒိယ၊တရုတ်၊နီပေါ၊အီရတ်တို့ရဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုအပေါ်ထားတဲ့အမြင်တွေကတော့လုံးဝကို စိုးရိမ်မှုအရမ်းကြီးတာပဲနော်။မြန်မာနိုင်ငံမှာပါ အဲ့လိုမျိုးတွေလုပ်လာရင်ဘယ်လိုလုပ်ကြမလဲဘော်ဒါတို့ရေ။

Source – Foxsportsasia 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password