ActionArticle

Prime and Prime Plus subscription တွေရနေပြီဖြစ်တဲ့ PUBG Mobile

ဒီတစ်ခေါက်မှာတော့ PUPG fan တွေအတွက် Prime and Prime subscriptions အကြောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
PUBG Mobile မှာ player တွေဈေးသက်သက်သာသာကစားနိုင်ဖို့ subscription အစီအစဉ်နှစ်ခုကို ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။သူတို့တွေကတော့ Prime နဲ့ Prime Plus subscriptions အစီအစဉ်တွေပါ။Prime က တစ်လကို တစ်ဒေါ်လာ (မြန်မာငွေ -၁၅၀၀ ကျပ်ဝန်းကျင်) ကျသင့်မှာပါ။ သူ့ကို ဝယ်ထားရင် BP နဲ့ temporary ပစ္စည်းလေးတွေဝယ်ဖို့ တစ်ရက်ကို 5UC ထုတ်ပေးမယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ Prime Plus ပါ။သူကဈေးပိုကြီးပါတယ်။ Prime Plus က permanent item တွေကို BPနဲ့ ဝယ်နိုင်ဖို့ တစ်ရက်ကို 20UC ထိ ဖြည့်ပေးထားမှာပါ။ ဒါ့အပြင် Point 10 RP လည်း ပေးဦးမှာပါ။ သူ့ကို စာရင်းသွင်းဝယ်ယူချင်တယ်ဆိုရင် တစ်လကို ၁၀ဒေါ်လာ (မြန်မာငွေ-၁၅၀၀၀ကျပ် ဝန်းကျင်) ပေးပြီးဝယ်နိုင်မှာပါ။ တန်လားမတန်လား စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ပထမဦးဆုံးလအတွက် ၅၀ရာခိုင်နှုန်း လျော့ဈေးနဲ့ သုံးကြည့်လို့ရတယ်လို့သိရပါတယ်။ Subscription အသစ်တွေအကြောင်းကို ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ Google Play ဆီကိုသွားရောက်လေ့လာလို့လည်း ရပါတယ်နော်။

ကြည့်ရတာ PUBG ကတော့ ဇီးကွက်စီးပွားရေးအသစ် ဖော်ဦးမယ့် ပုံပါပဲ။ အကွက်လေးတွေ ရွှေ့တာ လှတယ်နော်။
ကဲ…ဘော်ဒါတို့တွေရော သူ့ရဲ့ subscripions အသစ်တွေကို စိတ်ဝင်စားကြရဲ့လား။ စိတ်ဝင်စားရင် စမ်းပြီးtry ကြည့်သင့်တယ်လေနော်… XD

Updated : အခုအချိန်မှာတော့ v0.12 update ကို အပြည့် ကစားလို့ရနေပြီဖြစ်တဲ့အပြင် နောက်ထပ် 0.12.5 beta အသစ်ပါ download လုပ်လို့ ရနေပါပြီ။

v0.12 update မှာ ဆိုရင် feature အသစ်တွေ၊Zombie mode ,wepons နဲ့အခြား စိတ်ဝင်စားဖို့ကောင်းတာတွေပါပါတယ်။ Update patch notes အရZombie Event mode ကို EvoGround mode လို့ခေါ်တဲ့mode အသစ်နဲ့အစားထိုးမှာဖြစ်ပါတယ်။ EvoGround mode မှာဆိုရင်Zombie map နှစ်ခုဖြစ်တဲ့ Zombie:Darkest night နဲ့Zombie:Survive Till Dawn 2 နှစ်ခုပါမှာဖြစ်ပါတယ်။

အခုလက်ရှိမှာ Beta Update အသစ် 0.12.5 မှာ ရောဘာတွေပါလာမလဲဆိုတာမသိချင်ဘူးလား။
သိချင်ရင်တော့ အခုပဲ ဒီအောက်က ဗီဒီယိုလေးထဲမှာ ဝင်ကြည့်လိုက်ပါ။အဲ့ထဲမှာ ပြည့်ပြည့်စုံစုံတွေ့ရပါလိမ့်မယ်နော်။

PUBG mobile 0.12.5 Beta Video

Source – Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password