ArticleNews

နီပေါမှာလည်း ကစားခွင့် ပိတ်ပင်ခံလိုက်ရတဲ့ PUBG

PUBG ဟာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အပျက်သဘောဆောင်တဲ့အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နီပေါအစိုးရဟာ ပြီးခဲ့တဲ့ဧပြီလကပဲ ကစားခွင့် ပိတ်ပင်တားမြစ်ပိတ်ပင်လိုက်ပါပြီ။

Fortnite နဲ့ Apex Legends တို့ဟာ PUBG ထက် content ပိုများတဲ့ battle royale ဂိမ်းတွေဖြစ်ကြပေမယ့် PUBG ကိုတော့ အငြင်းပွားဖွယ်အကြောင်းအရင်းသစ်တွေနဲ့ အချို့သော အစိုးရတွေဟာ ဂိမ်းကို တားမြစ်ပိတ်ပင်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အိန္ဒိယ Gujarat မှာ ကောလိပ်ကျောင်းသား ၁၀ယောက်ကို PUBG ကစားလို့ ဖမ်းဆီးခဲ့တဲ့ သတင်းထွက်ရှိလာပါသေးတယ်။ ထုတ်ပြန်ထားတဲ့ကြေညာချက်အရ နီပေါအစိုးရဟာလည်း PUBG ကစားတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ နီပေါမှာ တစ်ခုခုဆိုးရွားတာ ဖြစ်မလာခင်မှာ ဒီဂိမ်းကို ဘန်းဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။” လို့ Metropolitan Crime Division ရဲ့ဥက္ကဌ Dhiraj Pratap Singh က ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။

PUBG ကို ဘန်းခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဘာကြောင့်ဘန်းခဲ့တာလဲဆိုတဲ့အချက်တွေကို Player တွေလည်း သိကောင်း သိချင်မှာပါ။ PUBG ကို ဘန်းခဲ့ရတဲ့အဓိကအကြောင်းအရင်းတွေက လူငယ်တွေ ဂိမ်းစွဲမှုနဲ့ အကြမ်းဖက်ရန်လိုမှုတွေကြောင့်ဖြစ်ပါတယ်။ နီပေါမှ ပညာရှင်တွေက ဗီဒီယိုဂိမ်းတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှု ရန်လိုမှုတွေရဲ့ အဓိက ဆက်သွယ်ချက်ကို စုံစမ်းစစ်ဆေးခဲ့တဲ့အချိန်မှာ PUBG က အဓိက သော့ချက်ဆိုတာကို တွေ့ရှိခဲ့တာကြောင့် ခုလို ဘန်းခဲ့တာဖြစ်ပါတယ်။နီပေါအစိုးရက PUBG ကိုဘန်းရတဲ့အကြောင်းအရင်းကို သေချာပြောပြခဲ့ပေမယ့် အခြားနိုင်ငံတွေကတော့ သေချာတိတိကျကျ ပြောဆိုထားခြင်းမရှိသေးပါဘူး။

PUBG ဂိမ်းဟာ နိုင်ငံအနှံ့အပြားမှာ တစ်စတစ်စ အဘန်းခံလာရတဲ့ဂိမ်းဖြစ်ပါတယ်။သူ့ကို တရုတ်နိုင်ငံက စတင်ဘန်းခဲ့တာဖြစ်ပါတယ်။ ဆင်ဆာနဲ့ ကိုက်ညီစေဖို့ Tencent ဘက်က မကြာသေးခင်က China-only age gate ကိုပေါင်းထည့်ခဲ့ပါသေးတယ်။ ထို့နောက် အိန္ဒိယနိုင်ငံက Gujarat မှာ ဆက်လက်ဘန်းခဲ့ပြီးနောက် နီပေါနိုင်ငံကို ရောက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း နီပေါမှာ ညစ်ညမ်း ဗီဒီယိုတွေကို ဘန်းခဲ့ပါသေးတယ်။ အခုလို အပြိုင်အဆိုင် ဘန်းနေကြတဲ့သတင်းတွေချည်းကြားနေရတော့ နောက်ထပ် ဘယ်နိုင်ငံတွေကများ PUBG ကို ထပ်Ban ကြဦးမှာလဲလို့ Player တွေကလည်း စိုးရိမ်နေကြပါတယ်။

Source –Theverge

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password