ArticleNews

Pre-register ဖွင့်ပေးလိုက်ပြီဖြစ်တဲ့ Dead By Daylight

Horror fan ဂိမ်မာတို့အတွက် သတင်းကောင်းရောက်လို့လာပါပြီ။ Dead By Daylight ကိုpre-register လုပ်ခွင့်ပေးလိုက်ပါပြီ။သူက၂၀၁၆ခုနှစ်မှာထွက်ရှိလာတဲ့ ဂိမ်းဖြစ်ပြီးခုနောက်ဆုံးမှ မိုဘိုင်းလ်ဆီကို ရောက်လာတာပါ။

Dead By Daylight ဂိမ်းကဘာလဲ???
မသိသေးတဲ့သူတွေအတွက် နည်းနည်းရှင်းပြပေးမယ်နော်။ Dead By Daylight က survival horror game တစ်ခုပါ။ ဂိမ်းထဲမှာplayer တွေကလူသတ်သမားလက်ထဲကနေလွတ်မြောက်အောင်ကြိုးစားဖို့လိုပါတယ်။ လူသတ်သမားလက်ထဲကလွတ်အောင်လုပ်တာက အပြောထက်ပိုခက်ပါတယ်။ ကစားနေတဲ့အချိန်တိုင်းမှာ ပတ်ဝန်းကျင်အနေအထားကပြောင်းလဲသွားမှာပါ။ မတူကွဲပြားတဲ့ဒီဇိုင်းအနေအထားတွေကို ကစားနေရင်းနဲ့တစ်ခန်းချင်း တွေ့မြင်ခံစားရမှာမို့လို့ ပျင်းဖို့တော့နည်းနည်းလေးမှမကောင်းပါဘူးနော်။နမူနာ ဗီဒီယိုလေးကို အောက်မှာ ဝင်ပြီး ကြည့်ကြည့်လိုက်ပါဦး။

Trailer အရမ်းကိုမိုက်ပြီး ဆွဲဆောင်မှု အရမ်းရှိတာပဲ..ခြောက်ခြားစရာလည်းကောင်းတယ်နော်…
Dead By Daylight ရဲ့ developer ဖြစ်တဲ့ Behavior ကတော့ သူ့ကို Android /iOS နှစ်မျိုးစလုံးအတွက် အတည်ပြုပေးလိုက်ပါပြီ။ အရင်ကထွက်ရှိခဲ့တဲ့ PC/Console ရသအတိုင်း မိုဘိုင်းလ်ဗားရှင်းကို ဖန်တီးမှာဖြစ်တယ်လို့ သိရပါတယ်။ကစားသူက survivors ဇာတ်ကောင် ၁၇ ယောက်ထဲက တစ်ယောက်ကို ရွေးချယ်နိုင်မှာပါ။ ဇာတ်ကောင် ၁၇ ယောက်ကတော့ Dwight Fairfield, Meg Thomas, Claudette Morel, Jake Park, Nea Karlsson, Laurie Strode, William ‘Bill’ Overbeck, Ace Visconti, Feng Min, David King, Quentin Smith, David Tapp, Kate Denson, Adam Francis, Jeff Johansen, Jane Romero / Ash Williams တို့ပဲဖြစ်ပါတယ်။

အခုအချိန်မှာpre-register လုပ်ဖို့စတင်လက်ခံနေပါပြီ။ စိတ်ဝင်စားတယ်ဆိုရင်ဒီ
Link ထဲဝင်ပြီး register လုပ်ပေးထားပါနော်။

တရားဝင်ထွက်ရှိမယ်နေ့အတိအကျကိုတော့မသိရသေးပါဘူး။ ဒါပေမယ့်ဒီနှစ်ကုန်ပိုင်းမှာလုပ်ဖို့တော့များပါတယ်။ Dead By Daylight ထွက်လာတာနဲ့free-to-play ကစားနိုင်မယ်လို့သိရပါတယ်။ကဲ… အလန်းစား Horror ဂိမ်းထဲကို ဝင်ဖို့ ရယ်ဒီပဲလား????

Source – droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password