အပင်တွေစိုက်ရင်း Zombie တွေရဲ့ရန်ကနေ ကိုယ့်အိမ်လေးကို ကာကွယ်ကြမယ်။

ကဲ ဒီတစ်ခါမှာတော့ လူကြိုက်များရေပန်းစားတဲ့ ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်ရှစ်နှစ်ဝန်းကျင်လောက်က PC Version နဲ့အရင်ထွက်ခဲ့ပြီး အခုချိန်မှာတော့ Mobile Device တွေမှာပါဆော့လို့ရနေပြီဖြစ်ပါတယ်။ အဲဒီဂိမ်းလေးကတော့ Plants vs. Zombies ဆိုတဲ့ဂိမ်းလေးပဲ ဖြစ်ပါတယ်။ တစ်ခြား Action ဂိမ်းတွေနဲ့ တစ်မူကွဲထွက်ပြီး Mild Horror, Fear Themes လေးတွေနဲ့ ထူးထူးခြားခြားဂိမ်းလေးတစ်ခုပါပဲ။

Plants vs. Zombies ဂိမ်းလေးအကြောင်းကို နည်းနည်းလောက်ရှင်းပြပေးချင်ပါတယ်။ သူက အတိုက်အခိုက်ဂိမ်းမဟုတ်ပေမဲ့ Mini Game ဖက်ကိုလည်းမသွားပြန်ဘူးဗျ။ ကိုယ့်အိမ်ထဲကို Zombie တွေဝင်မလာနိုင်အောင် အပင်တွေကို စဉ်းစားပြီးစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လို Zombie တွေကို ဘယ်အပင်တွေကနိုင်တယ်၊ ဘယ်အပင်တွေကိုတော့ ဘယ်လို Zombie တွေက အလွယ်တကူကျော်သွားနိုင်တယ်ဆိုတာကို သိထားရမှာဖြစ်ပြီး Zombie တွေအိမ်ထဲဝင်မလာနိုင်အောင် တတ်နိုင်တမျှကာကွယ်ပေးရမှာဖြစ်ပါတယ်။ Adventure Mode အပြင် Puzzle, Mini Games, Quick Play စတဲ့ Mode ၃မျိုးကိုလည်း ဆော့ကစားနိုင်မှာဖြစ်ပြီး အပင်ပေါက်လေးတွေကို Reward ရလာခဲ့ရင်တော့ ကိုယ့်ရဲ့ Zen Garden မှာပြန်လည်စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ အပင်လေးတွေကြီးလာပြန်ရင်လည်း ပြန်ရောင်းနိုင်ပါသေးတယ်။ ဒီဂိမ်းလေးကို Download ရယူချင်တယ်ဆိုရင်တော့

https://itunes.apple.com/us/app/plants-vs-zombies/id350642635?mt=8

https://play.google.com/store/apps/details?id=com.ea.game.pvzfree_row&hl=en

တို့မှာ Download လုပ်နိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password