ArticleNewsReviews

ထွက်ရှိနေပြီဖြစ်တဲ့ Multiplayer strategy ဂိမ်း Pocket Cowboys

Pocket Cowboys: Wild West Standoff ဆိုတဲ့ strategy ဂိမ်းအသစ်လေး နဲ့ Playon က ဘော်ဒါတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းလေးကို ကောင်းဘွိုင် ကြိုက်တဲ့သူတွေရော ကောင်းဘွိုင်မကြိုက်တဲ့သူတွေရောအတွက် ကစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Pocket Cowboy က brand new multiplayer strategy ဂိမ်းတစ်ခုပါ။သူက shoot, reload (သို့) move ဆိုတဲ့ ရွေးချယ်မှု၃ခုပါရှိတဲ့ strategy ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ သူက Clash Royale ရဲ့ ပုံစံကို မှီုငြိမ်းထားတဲ့ နောက်ဆုံးထွက်ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။သူ့ရဲ့ အခြားပြိုင်ဘက်တွေနဲ့ ကွာခြားတဲ့အချက်ကတော့ သူ့မှာကိုယ်ပိုင် idea တွေရှိတာပါ။Clash Royale ကို မှီငြိမ်းထားတယ်ဆိုပေမယ့် အများကြီး မှီငြိမ်းထားတာမျိုးလည်းမဟုတ်ပါဘူး။ ဂိမ်းထဲမှာ tower တွေ မပါတဲ့အပြင် Battle တွေကလည်း real-time ထက်ပိုတဲ့ပုံစံမျိူးကို အခြေခံထားတာပါ။အောက်မှာ Trailer လေးကြည့်လို့ရပါတယ်။

ဗီဒီယိုလေးကတော့ တကယ့်ကို ချစ်စရာနော်…ပစ်နေလိုက်ကြတာဆိုတာ အားရစရာလေး ။ကောင်းဘွိုင်လေးတွေလည်း မိုက်တယ်။
ဂိမ်းထဲမှာ ကောင်းဘွိုင်၃ယောက်ကို အခြားပြိုင်ဘက်၃ယောက်နဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ ရွေးချယ်နိုင်မှာပါ။တစ်ချိန်တည်းမှာပဲ သူတို့တွေကိုတိုက်ခိုက်မယ့် အစီအစဉ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ပြိုင်ဘက်ကို အောင်မြင်စွာတိုက်ခိုက်နိုင်လား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲအသေခံမလားဆိုတာကတော့ player ရဲ့အားထုတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။

သူ့ရဲ့ပန်းတိုင်ကတော့ တိုတောင်းပြီး ရိုးရှင်းပါတယ်။ Player က အခြားပြိုင်ဘက် ရန်သူ ၃ယောက်ကို သတ်နိုင်ရင် အနိုင်ရပါပြီ။ Re-spawn လုပ်နိုင်မယ့် အသတ် ၃သတ် ပါပါတယ်။ ဂိမ်းထဲမှာတွေ့နိုင်တဲ့ ထူးဆန်းမှုကတော့ ကြိုတင်မခန့်မှန်းနိုင်တာပါ။ ဇာတ်ကောင်အမျိုးအစား၁၂မျိုးပါရှိပြီး တစ်ခုစီမှာ ကွဲပြားတဲ့ skill တွေပါပါတယ်။သူတို့တွေထဲမှာ Sniper ၊ Demolitionist နဲ့ Trapper တို့တွေလည်း ပါပါတယ်။ Skill တစ်ခုစီကို အဆင့်မြှင့်တင်နိုင်သလို နောက်ထပ် skillအသစ်တွေကို လည်း unlock လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဂီယာတွေပါ ထပ်ပြီး တပ်ဆင်နိုင်ပါသေးတယ်။

အဲ့ဒါကြောင့် အကယ်၍သင်က အရမ်းကိုမိုက်တဲ့ multiplayer strategy ဂိမ်းတွေကို ကြိုက်နှစ်သက်ရင် အခုပဲဖြစ်ဖြစ် Google Play /App Store ကို သွားပြီး download ဆွဲကစားနိုင်ပါတယ်နော်။ မသွားချင်ရင်လည်း ကိစ္စမရှိပါဘူး။အောက်မှာ link လေးတွေ ထည့်ပေးထားပါတယ်။ XD

Download link – Android , iOs

Source – Droidgamers , Gamezebo , Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password