ArticleNewsReviews

Mobile ပေါ်ကို ရောက်ရှိလာတော့မယ့် Microsoft Racing ဂိမ်း”Forza Street”

ဒီတစ်ခေါက်မှာတော့ အရင်က Mobile အသုံးပြုသူတွေ ကစားဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးတဲ့ Forza Street ဆိုတဲ့ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Forza Motorsport စီးရီးတွေနဲ့ Fprza Horizon တို့ဟာ Xbox တစ်လုံးပိုင်ဆိုင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒါပေမယ့် မကြာခင်မှာ Xbox / PC မရှိရင်တောင် Forza ကို ကစားနိုင်ဖို့ Microsoft က စီစဉ်ပေးလိုက်ပါပြီ။ သူ့ကိုမကြာခင်မှာ Mobileပေါ်မှာ အပီအပြင်တွေ့ရတော့မှာနော်…. အရင်ဆုံး ဒီ trailer လေးကို ကြည့်လိုက်ကြစို့။

Forza Street က လမ်းပေါ်မှာပြိုင်တဲ့ racing ဂိမ်းဖြစ်တဲ့ Need for Speed ကို အသားပေးထားတဲ့ပုံစံပါ။ Forza Street ထဲမှာ ကစားသမားတွေကို ဂတ်စ် ၊ ဘရိတ် နဲ့ boost တို့ကို စတီယာရင်ထက်ပိုပြီး အာရုံစိုက်ခိုင်းထားမှာလို့ သိရပါတယ်။သူ့ထဲမှာ အဆုံးမဲ့ story mode ပါရှိပြီး တကယ့်ကို ရင်သပ်ရှုမောဖွယ်တွေကို တွေ့ရမှာပါ။ ဂိမ်းထဲမှာ ယှဉ်ပြိုင်စုဆောင်းနိုင်မယ့်အရမ်းကိုမိုက်တဲ့ ကားတွေလည်း ပါမှာပါ။ Forza Street ကို အခုချိန်မှာ Window10အတွက် အမခဲ့ဒေါင်းလုတ်လုပ်လို့ရနေပါပြီ။ iOS နဲ့ Android ဗားရှင်းအတွက်တော့ ဒီနှစ်နောက်ပိုင်းမှ ရောက်ရှိလာမှာဖြစ်ပါတယ်။

ကဲ ဘယ်လိုလဲ ဘော်ဒါတို့ရေ… Window franchise ကို Mobile အတွက်ကစားရမယ်ဆိုတော့ တကယ့်ကို သိပ်မိုက်နေမှာနော်။ ထွက်လာရင်ကစားကြည့်သင့်တဲ့ ဂိမ်းအဖြစ် highly recommend ပေးချင်ပါတယ်။ အခြား AAA franchise ကို ရွေးချယ်ကစားချင်တယ်ဆိုရင်တော့ The Elder Scrolls : Blades ကိုရွေးချယ်ကစားနိုင်ပါတယ်။ဒါပေမယ့် racing ဂိမ်းတော့ မဟုတ်ပါဘူး။

Source – Geek

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password