ArticleNews

လုံးဝကို မထင်မှတ်ထားတဲ့ပုံစံနဲ့Mobile ဂိမ်းအသစ် Men In Black Global Invasion

Men In Black universe ထဲက ဇာတ်လမ်းအသစ် Men In Black:International ကို 2019, June 14 မှာ တစ်ကမ္ဘာလုံးကရုပ်ရှင်ရုံတွေမှာ စတင်ပြသတော့မှာဖြစ်ပါတယ်။ရုပ်ရှင်ကိုစတင်ပြသမှာနဲ့တစ်ပြိုင်နဲ့Men In Black Global Invasion ကိုကစားနိုင်တော့မယ်လို့လည်း သိရပါတယ်။

ဂိမ်းကနာမည်ကြီးfranchise ရဲ့ဂိမ်းဖြစ်သလောက် သူ့ရဲ့ပုံစံကလည်းPokémon Go နဲ့ဆင်ပါတယ်။ ဂိမ်းထဲမှာ သင်ကMiB အေးဂျင့်တစ်ယောက်အနေနဲ့လှုပ်ရှားရမှာပါ။အိမ်အနီးပတ်ဝန်းကျင်နဲ့မြို့ထဲကိုလှည့်လည်သွားလာရင်း နောက်ဆုံးပေါ် MiBနည်းပညာနဲ့ဖန်တီးထားတဲ့ တောက်ပတဲ့သေနတ်အလန်းကြီးတွေကိုင်ပြီး ဂြိုလ်သားတွေကိုဖမ်းဆီးရမှာပါ။
Gameplay ပုံစံလေးကို ရှိုးကြည့်ကြည့်လိုက်ပါဦး။

ဘယ်လိုလဲ ပရိသတ်ကြီးရေ… ကြိုက်မှ ကြိုက်ကြရဲ့လား???

ပုံစံကတော့Pokémon Go လို AR နည်းပညာနဲ့ကစားရမှာ ဖြစ်တာကြောင့် ဖုန်းမျက်နှာပြင်လေးနဲ့ထိန်းပြီးကစားရမှာပါ။ Men In Black Global Invasion ကိုကစားချင်ရင်တော့ ဒီlink မှာ?? pre-register လုပ်လို့ရနေပါပြီ။ Pre-register လုပ်ထားရင်တော့ ပြိုင်စံရှားဂိမ်းReward တွေ၊ရှားပါးတဲ့alien တွေနဲ့ MiB အေဂျင်စီရဲ့အထူးစပါယ်ရှယ်လက်နက်တွေကို ရရှိမှာပါ။ AR ဂိမ်းပရိသတ်ဆိုရင်တော့ လုံးဝကိုရှယ်ပဲနော်။ Men In Black ကလည်းအမိုက်စားဆိုတော့ မျက်စိမှိတ်ပြီးတော့ကို ရွေးချယ်သင့်နေပါပြီ။ ကဲဘော်ဒါတို့ရေ… ကမ္ဘာကြီးကို ကယ်တင်ဖို့ ရယ်ဒီပဲလား??? အက်မင်ကတော့ ရယ်ဒီပဲနော်။ :3

Source – Androidauthority

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password