Horror ဂိမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် Lost Within

ဒီတစ်ခါမှာတော့ Horror ဂိမ်းအမျိုးအစားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြိုပြီးသတိပေးချင်တာလေး တစ်ခုကတော့ ကြောက်တတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မဆော့ကြပါနဲ့လို့။

နာမည်က Lost Within။ အဲ သူကတော့ Free မရဘူးခင်မျ။ App Store မှာ $3.99 နဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ ကျွန်တော် ဒီဂိမ်းလေးအကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဟိုးအရင်တုန်းက Asylum ဆိုတဲ့ ဆေးရုံတစ်ခုမှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ကံဆိုးစွာနဲ့ပဲ အဲဒီစမ်းသပ်မှုက ကျရှုံးခဲ့ပါတယ်။ အဲဒီအခါမှာတော့ စမ်းသပ်ခံ လူနာတွေဟာ လူစိတ်လည်းမရှိတော့ပဲ Zombie သဏ္ဌာန်အကောင်တွေအဖြစ် ပြောင်းလဲသွားပါတယ်။ အသိဉာဏ်လည်းမရှိတော့ပဲ သူတို့သိတာဆိုလို့ အသံကြားရာနောက်လိုက်မယ်၊ လူတွေ့တာနဲ့လိုက်ကိုက်မယ် ဒါပဲသိပါတော့တယ်။

ဒီဂိမ်းမှာတော့ အဲဒီ Asylum ဆေးရုံထဲကနေ ထွက်ပေါက်ရှာပြီး အဲဒီအကောင်တွေကို ကြိုးစားကျော်ဖြတ်ပြီး ထွက်ပြေးရမှာ ဖြစ်ပါတယ်။ အခန်းတိုင်း အခန်းတိုင်းက စိတ်လှုပ်ရှား ခြောက်ခြားဖွယ်ကောင်းပြီး နားကြပ်လေးတပ်ဆော့မယ်ဆိုရင် ပိုပြီးထူးခြားကောင်းမွန်တဲ့ ရသကို ခံစားနိုင်မှာဖြစ်လို့ ပေးရတာနဲ့လည်းတန်တယ်လို့ ထင်ပါတယ်။  ဒီဂိမ်းလေးကို Download ရယူချင်တယ်ဆိုရင်တော့ https://playon.com/lost-within///
မှာ Download လုပ်နိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password