NewsReviews

Mobile ဂိမ်းအဖြစ် မြင်တွေ့ရတော့မယ့်League of Legends(LOL)

နာမည်ကြီး League of Legends (LoL) ကို Mobile ဂိမ်းအဖြစ်ဖန်တီးလျှက်ရှိနေကြောင့် Riot Games ဘက်မှအတည်ပြုပေးလိုက်ပါပြီ။ League of Legends (LoL) ကသာမန်ဂိမ်းတစ်ခုမဟုတ်ကြောင့်fan တွေ အနေနဲ့မူရင်းoriginal ဂိမ်းနဲ့မတူမှာကိုစိုးရိမ်နေပါတယ်။ စိုးရိမ်နေတဲ့အတိုင်း Mobile ဖုန်းအတွက်ထုတ်လုပ်ရမှာဖြစ်တာကြောင့်Small Screen နဲ့ကွက်တိကျနေစေဖို့ဂိမ်းရဲ့ feature ပိုင်းတွေတော့ နည်းနည်းပြောင်းသွားမယ်လို့သိရပါတယ်။အဲ့တာကြောင့် မူရင်းLoL ရဲ့အတွေ့အကြုံတွေကို ကွက်တိတွေ့ရမှာမဟုတ်ပါဘူး။

ဂိမ်းအခြေအနေကတော့ခုချိန်ထိ အသက်သွင်းနေဆဲပဲရှိသေးပါတယ်။အဲ့တာကြောင့်ထွက်ရှိမယ့်အချိန်ကို Tencent ဘက်ကရော Riot Games ဘက်ကရော အတည်မပြုရသေးပါဘူး။ အခုအချိန်မှာတော့LoL mobile ကိုစိတ်ဝင်စားမှုတွေ မြင့်တတ်လျှက်ရှိပါတယ် သူထွက်ရှိမယ့်အချိန်ကိုE3 (သို့) ဒီနှစ်နောက်ပိုင်းမှာ သိရဖို့ များပါတယ်။

League of Legends (LoL) လိုပဲ Tencent ကနေ Mobile ဗားရှင်းနဲ့ ထုတ်လုပ်ထားတဲ့ ဂိမ်း တွေအများကြီးပါပဲ ။ သူတို့တွေထဲက မူရင်းနဲ့ရင်ဘောင်တန်းပြီး နာမည်ကြီးတဲ့ဂိမ်းတွေကတော့PUBG နဲ့Call of duty: Mobile တို့ပါ။

League of Legends ကလည်းPC ပေါ်မှာအရမ်းကိုနာမည်ကြီးတဲ့ MOBA ဂိမ်းဖြစ်တာကြောင့် Mobile မှာလည်းလုံးဝကို လူကြိုက်များဖို့က သေချာသလောက်ရှိပါတယ်။ League of Legends Mobile နဲ့ပတ်သတ်တဲ့သတင်းတွေကိုနောက်လည်းထပ်တင်ပေးဖို့ရှိတာကြောင့်Playon Website ထဲကိုအမြဲဝင်ကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။

Source- Greenmangaming, Droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password