ActionArticleNews

မြန်မာမိုဘိုင်းလ်ဂိမ်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ ဂျပန်ကုမ္ပဏီနှစ်ခု

ဂျပန်နိုင်ငံအခြေစိုက် အော်ပရေတာ KDDI နဲ့ Sumitomo တို့ဟာ အသစ်ဖွင့်လှစ်ထားတဲ့ Funcreate Myanmar အမည်ရှိ လုပ်ငန်းစုနဲ့ ချိတ်ဆက်ပြီး မြန်မာ မိုဘိုင်းလ်ဂိမ်း လောကထဲကိုဝင်ရောက်မယ့် အစီအစဉ်ကို တရားဝင် ထုတ်ပြလိုက်တာဖြစ်ပါတယ်။ Funcreate Myanmar ဟာ စင်ကာပူအခြေစိုက် Funcreate ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံတွေက ဂိမ်းတွေကို ပြည်တွင်းဖြစ်အဖြစ် ဖြန့်ချီတင်သွင်းမှာပါ။ အဲ့တာကြောင့် နောက်ပိုင်းတွေမှာ ဂျပန်ဂိမ်းတွေကို မြန်မာဘာသာ စကားနဲ့တောင် ကစားခွင့် ရနိုင်ချေရှိနေပါပြီ။

Funcreate ကို နိုဝင်ဘာလတုန်းက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သူ့ရဲ့ ရှယ်ယာရှင်တွေကို KDDI မှ ၅၁ရာခိုင်နှုန်း နှင့် Sumitomo မှ ၄၉ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ကုမ္ပဏီတွေဘက်ကတော့ သူတို့ရဲ့ဂိမ်းတစ်ခုစီတိုင်းအတွက် ဒေါင်းလုတ်လုပ်သူဦးရေ ၁သန်းလောက်ထိရဖို့ ခန့်မှန်းထားပါတယ်။

KDDI နှင့် Sumitomo တို့အကြောင်း

လတ်တလောမှာ KDDI က စင်ကာပူအခြေစိုက် မိုဘိုင်းလ်ဂိမ်းဝန်ဆောင်မှု provider goGame နဲ့ လက်တွဲလုပ်ဆောင် လျှက်ရှိပါတယ်။ Sumitomo က ၂၀၁၈ခုနှစ်မှာတုန်းက မြောက်အမေရိကမှာ မိုဘိုင်းလ်ဂိမ်းအရောင်းအော်ပရေးရှင်း တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဘိုင်းလ်ဂိမ်းစီးပွားလုပ်ငန်းများနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီး အခုအချိန်မှာတော့ မြန်မာဈေးကွက်ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။

KDDI နှင့် Sumitomo တို့ဟာ မြန်မာပြည်အခြေစိုက် Myanmar Posts and Telecom (MPT) နဲ့ လက်တွဲပြီးတော့လည်း ပြည်တွင်း မိုဘိုင်းလ်ဝန်ဆောင်မှုတွေကို တိုးတတ်အောင် ပူပေါင်းဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ ဒီသတင်းကတော့ မြန်မာနိုင်ငံမှာ နောက်ပိုင်းကျရင် မိုဘိုင်းလ်ဂိမ်းဈေးကွက် ကျယ်ပြန့်လာဦးမယ်ဦးမယ်ဆိုတဲ့ နိမိတ်ကို ဖော်ဆောင်နေတာပါ။ အဲ့တာကြောင့် ဂိမ်းကစားရတာကိုကြိုက်တဲ့ ဘော်ဒါတို့အတွက် သတင်းကောင်းတစ်ခုပါပဲ။ နောက်ထပ်လည်း ထူးခြားတဲ့သတင်းလေးတွေ တင်ပေးဖို့ရှိတာကြောင့် အက်မင်တို့ရဲ့ Playon Website လေးကို အမြဲတမ်း Keep in touch လုပ်ထားပေးပါနော်။

Source – Telecomasia

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password