ArticleNews

Loot box တွေနဲ့ပတ်သတ်ပြီး ပိုပြီးတင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်လိုက်တဲ့ Google Play…

Loot box mechanic နဲ့ပတ်သတ်ပြီး ပိုပြီးတင်းကြပ်တဲ့ စည်းမျဉ်းတွေကို Google Play မှ ထုတ်ပြန်လိုက်ပါတယ်။ အဲ့တာကြောင့် အခုချိန်မှာ developer တွေအနေနဲ့ Loot box တွေကို ဈေးနှုန်း မသတ်မှတ်ရသေးခင်မှာ တိကျတဲ့ထူးခြားချက်တွေကို စာရင်းနဲ့ချပြရတော့မှာ ဖြစ်ပါတယ်။ အဆိုပါစည်းမျဉ်းက ကျပန်း loot box တွေအားလုံးအတွက် အကြုံးဝင်မှာဖြစ်ပါတယ်။အဲ့တာကြောင့် Loot box နဲ့ ပတ်သတ်ပြီး developer တွေအနေနဲ့ မမှန်မကန် လုပ်ရဲမှာ မဟုတ်တော့ပါဘူး။ အဆိုပါ ပေါ်လစီကို Play Store အနေနဲ့ အခုမှ လုပ်တာဖြစ်ပေမယ့် App Store ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ တည်းက အကောင်အထည်ဖော်ခဲ့တာပါ။

Loot box နဲ့ပတ်သတ်ပြီး ဖေဖော်ဝါရီလတုန်းကလည်း အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ရဲ့ မိဘတွေက developer ဖြစ်သူ Epic Game ကို တရားစွဲဆိုခဲ့ဖူးပါတယ်။ အဲ့အချိန်ကစပြီး Epic Game ဘက်က ကစားသမားတွေကို သူတို့ဝယ်တဲ့ပစ္စည်းကို ကိုယ်တိုင် မျက်စိနဲ့မြင်နိုင်ဖို့ ပေါ်လစီတွေကို ဇန်နဝါရီလတည်းက ပြောင်းလဲခဲ့ပါတယ်။

နောက်ထပ် loot box စည်းမျဉ်းတစ်ခုကတော့ သတ်ဆိုင်ရာ developer တွေအနေနဲ့ သူတို့ ဂိမ်း app တွေနဲ့ပတ်သတ်ပြီး target audience သတ်မှတ်ပေးရမှာပါ။ ကလေးတွေအတွက်ရည်ရွယ်တဲ့ Loot box ၊ ဆယ်ကျော်သတ်တွေအတွက်ရည်ရွယ်တဲ့ Loot box ဆိုပြီး စသဖြင့် သတ်မှတ်ပေးရမှာပါ။ ကလေးတွေအတွက်ပါ ရည်ရွယ်ထားတဲ့ ဂိမ်း app ဆိုရင်တော့ ပိုပြီတင်းကြပ်တဲ့ စည်းမျဉ်းတွေဖြစ်တဲ့ သတ်မှတ်ထားတဲ့ကြော်ငြာ အမျိုးအစားတွေ ၊ အတွေ့အကြုံတွေ နဲ့ အချက်အလတ်တွေကို စုဆောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် “designed for Families” ဆိုတဲ့ခေါင်းစဉ်အောက်မှာပါတဲ့ ပိုပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေကိုပါ လိုက်နာရမှာပါ။ အဲ့တာတင် မကသေးပါဘူး ဂိမ်း app ကနေတိုက်ရိုက်ရောင်းတဲ့ developer တွေကိုလည်း Google မှ ban သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခုလို Loot box တွေနဲ့ ပတ်သတ်ပြီး စည်းမျဉ်းတွေချမှတ်လာတယ်ဆိုတော့ gamer တွေအတွက်တော့ လုံးဝကို အားရှိစရာပါပဲ။ အက်မင်ကတော့ သူတို့ ကို ဒီထက်ပိုပြီးတော့ကို နှိပ်ကွပ်သင့်တယ်လို့ ထင်ပါတယ်။ ဘော်ဒါတို့ရော??? ဘယ်လိုထင်ကြလဲ???

Source – Theverge

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password