ArticleNews

ဇွန်လမှာ Esports Tournament တွေစတင်ပွဲထုတ်တော့မယ့် Gear 5 Series

Gear 5 မှ သူ့ရဲ့ esport ပွဲစဉ်တွေကို ELeageue Gears Summer Series: Tge Bonds and Betrayals of Brotherhood နဲ့ တွဲပြီး ဇွန်လမှာ ပွဲထုတ်တော့မယ်လို့ Xbox နှင့် ELeague တို့က ကြေညာခဲ့ပါတယ်။ Event စီးရီးမှာ အပိုင်း၆ပိုင်းပါမှာဖြစ်ပါတယ်။ အပိုင်း၆ပိုင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပွဲစဉ်တွေက story တွေနဲ့ ကမ္ဘာတစ်ဝှမ်း Gears Esports နောက်ကွယ်က ကစားသမားတွေကို အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

ပထမဦးဆုံးအပိုင်းကို ဇွန်လ ၁၄ ရက် သောကြာနေ့မှာ TBS မှာ ထုတ်လွှင့်ပြသမှာပါ။ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံး “Gears” အသင်းတွေက Atlanta မှာရှိတဲ့ Turner စတူဒီယိုမှာ ဝင်ရောက်ယှဉ်ပြိုင်ရတော့မှာပါ။ အကောင်းဆုံးအသင်းတွေကို ပွဲစဉ်အားလုံးအပြီးမှာ ပြန်လည်ဖိတ်ခေါ်ဦးမယ်လို့လည်းသိရပါတယ်။

ပွဲစဉ်တွေကို Twitch နဲ့ B/R Live premium sports တို့မှာ ဇူလိုင်လကနေစပြီး တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ “ELegue Gears Summer Series : The Bonds and Betrayals of Brotherhood” documentary ကနေ “Gears” ရဲ့နာမည်အကြီးဆုံး ကစားသမား ၆ ယောက်အကြောင်း အသေးစိတ်ကို ထည့်သွင်းထားပါတယ်။

Gears 5 ကို E3 2018 အတွင်းမှာ တရားဝင်ကြေညာခဲ့တာပါ။သူ့ကို The Coalition မှထုတ်လုပ်ဖန်တီးထားတာဖြစ်ပြီး Gears of War 4 ရဲ့ sequel တစ်ခုဖြစ်ပါတယ်။ Gear of War စီးရီးနဲ့ မတူတဲ့အချက်ကတော့ အရင် စီးရီးတွေနဲ့ကွဲထွက်ပြီး နာမည်မှာ “War” ဆိုတဲ့စကားလုံးမပါတော့ပဲ Gear 5 လို့ပဲပေးထားတာပါ။ အထဲမှာ Kait Diaz လို့ခေါ်တဲ့ဇာတ်ကောင်ကို focus လုပ်ထားပြီး အကြီးဆုံးနဲ့အလှပဆုံး “Gear”တွေကို တပ်ဆင်ထားတယ်လို့ Microsoft မှပြောထားပါတယ်။ ဂိမ်းကို 4K Ultra HD ရုပ်ထွက်အထိထောက်ပံ့ပေးမယ်လို့သိရပါတယ်။ ထွက်ရှိလာတာနဲ့ Xbox Game Pass subscription service ကိုထောက်ပံ့ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ Xbox နဲ့ Window 10 တို့အတွက် ထွက်ရှိလာမယ့် ဂိမ်းဖြစ်ပါတယ်။

Source – Variety , Gearsofwar

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password