ArticleReviews

အသက်ဝင်လှတဲ့ ဒိုင်နိုဆောတွေနဲ့ ကစားရမယ့် Full Metal Monsters

Full Metal Monsters ဂိမ်းက အဖွဲ့၅ဖွဲ့စီချင်း အပြန်အလှန်တိုက်ခိုက်ရမယ့် shooter ဂိမ်း တစ်ခု ဖြစ်ပါတယ်။ သူက မိုဘိုင်းလ်း ဗားရှင်း small screen ဂိမ်းတစ်ခုဖြစ်ပေမယ့် လုံးဝကို ကစားရတာ ပြည့်စုံပါတယ်။ဂိမ်းကို ကစားနေရင်းသိပ်မကြာခင်မှာပဲ ဂိမ်းရဲ့ သပ်ရပ်မှုတွေ ခန့်ညားမှုတွေကိုမြင်တွေ့ရမှာပါ။ Shooting ပုံစံကလည်းတော်တော်လေးကို impress ဖြစ်စရာကောင်းပါတယ်။ Control ပိုင်းကလည်း small screen နဲ့ ကွတ်တိဖြစ်အောင်လေးလုပ်ထားလို့တော်တော် ကစားလို့ အဆင်ပြေပါတယ်။

တိုက်ပွဲမှာ စီးဖို့အတွက် ဒိုင်နိုဆောတွေလည်း အများကြီးပါ။ဒါ့အပြင် တာရိုဒက်တိုင်လ်လို့ခေါ်တဲ့ (ရှေးနှစ်သန်းများစွာကတည်းကရှိခဲ့တဲ့ အကောင်ကြီးတွေပါ ) မြင်တွေ့ရဦးမှာပါ ။Player က အကောင်တစ်ကောင်ချင်းဆီကို မတူကွဲပြားတဲ့အဆင်တန်ဆာတွေ တပ်ဆင်ပေးလို့ရပါတယ်။ အဆင့်တတ်လာတာနဲ့အမျှ ကိုယ့်ရဲ့ ဒိုင်နိုဆောကို အကောင်းဆုံး အမိုက်ဆုံးဖြစ်အောင် ဖန်တီးပေးနိုင်မှာပါ။ ဒိုင်နိ်ုဆောတွေမှာလည်း သူတို့ရဲ့အားသာချက် အားနည်းချက်ဆိုပြီး ရှိပါတယ်။ HP / Speed/ Damage/Range/Armor နဲ့ Shield တွေကလည်း အမျိုးအစားအလိုက် ကွာခြားသွားမှာပါ။Trailer လေး တစ်ချက် ကြည့်လိုက်ပါဦး။

ကစားရတာကောင်းပေမယ့် အဆင့်အတတ်လွယ်အောင် ငွေပေးပြီး ဝယ်ရမယ့် paid item တွေလည်း ပါပါတယ်။ Free-to-play ပေမယ့် တစ်လျှောက်လုံး free ချည်း ကစားသွားရင်လည်း level up လုပ်ဖို့နှေးပါတယ်။ စွဲမတ်ဖွယ် gameplay ပုံစံနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ထွက်တွေကို မြင်ချင်တယ်ဆိုရင်တော့ အခုပဲ ဒီဂိမ်းလေးကို စမ်းပြီး ကစားကြည့်ပါနော်။ အရမ်းကို ကစားလို့ကောင်းတဲ့ shooter ဂိမ်းလေးမို့လို့ ဘော်ဒါတို့အတွက် မိတ်ဆက်ပေးလိုက်ရပါတယ်။ Android ရော iOS ရောအတွက် available ဖြစ်ပါတယ်နော်။

Source – droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password