ArticleNews

Android version ထွက်ရှိမယ့်ရက်ကို ကြေငြာလိုက်တဲ့ Fortnite

Fortnite ရဲ့ Android version မထွက်သေးဘူးလားလို့ လာလာမေးနေတဲ့ ညေးတို့အယ်ကိုတို့ရေ!! ဒီနွေရာသီမှာ android အတွက် release လုပ်နိုင်အောင် target ထားထားပါတယ်လို့ Fortnite ကပြောနေပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Fortnite ရဲ့ officially site ကသတင်းအရဆိုရင်တော့ လာမယ့် June နဲ့ August ကြားမှာထွက်နိုင်ပါတယ်။ Android အတွက် အားလုံးမျှော်လင့်စောင့်စားနေကြတဲ့အတိုင်း သူတို့ဖက်ကလဲသတင်းတွေကိုမျှဝေသွားပါမယ်တဲ့။ ဘေးစကားတွေကိုမယုံပါနဲ့ သတင်းမှန်သမျှကို သူတို့ဆီကနေပဲ ပထမဆုံးထုတ်ပြန်ပေးသွားမယ်လို့လဲ ကတိပေးထားပါသေးတယ်။

Fortnite is coming to Android!
We are targeting this summer for the release. We know many of you are excited for this release, and we promise that when we have more information to share, you’ll hear it from us first.
Source: epicgames

လတ်တလောမှာတော့ game ကိုအဖက်ဖက်ကနေပိုကောင်းအောင်ကြိုးစားနေပြီး  HUD ပိုင်းကိုကောင်းကောင်း customize လုပ်နိုင်အောင်နဲ့ graphic ပိုင်းပိုကောင်းအောင်လုပ်ထားပါတယ်။ သိပ်မကြာခင်မှာလဲ voice chat လို့ရအောင်လုပ်နေတာမို့ ကောင်းကောင်းအော်လို့ရတော့မှာပါနော် (you know what I mean 😎)

ပိုပြီးဝမ်းသာစရာကောင်းတာကတော့ game ရဲ့ download size ကို အတတ်နိုင်ဆုံးချုံ့လို့ရနိုင်သမျှချုံ့ဖို့လုပ်နေတယ်ဆိုတော့ size ကြီးလို့ ညည်းညည်းနေတဲ့ bro တို့၊ size problem ကြောင့် အခက်တွေ့နေတဲ့ ညေးတို့ အဆင်ပြေသွားမှာပါ။

ကဲ ဘယ်တော့ထွက်မှာလားလို့ သစ်ကုလားအုတ်လည်ပင်းလောက်ရှိအောင်စောင့်နေရမှာထက် ဘယ်အချိန်လောက်ထွက်မှာကိုအကြမ်းဖျင်းသိရပြီဆိုတော့ ထွက်ပြီဆိုတာနဲ့ ready ဖြစ်အောင်သာ ကိုယ့်ဖုန်းကိုပြင်ထားကြပါ။ ဖျက်စရာရှိတာဖျက်ပြီး memory လောက်အောင်တော့လုပ်ထားနော် 😂😂

ဘယ်တော့ထွက်မယ်ဆိုတာကိုပြောပြဖို့ ကျွန်တော်တို့တာဝန်၊ အပီအပြင်ဝုန်းဖို့ကတော့ သင်တို့တာဝန်ယူပါနော်….

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: