ArticleNews

Valve မှ ဖန်တီး ထုတ်လုပ်လိုက်တဲ့ မိုဘိုင်းလ်းဂိမ်း- Dota Underlords

Valve ရဲ့ပထမဦးဆုံးမူရင်းမိုဘိုင်းလ်းဂိမ်းကိုထုတ်လုပ်လိုက်ပါပြီ ။သူ့နာမည်က Dota Underlords ဖြစ်ပြီး သူ့ကိုAndroid , iOS နှစ်မျိုးစလုံးနဲ့ကစားလို့ရမှာဖြစ်ပါတယ်။သူ့ရဲ့ မူရင်း ဂိမ်းခေါင်း စဉ်က နာမည်ကြီး ပေါ်ပျူလာဂိမ်း Dota 2 mod Dota Auto Chess ပဲဖြစ်ပါတယ်။အကယ်၍ သင်က Dota ပရိသတ်တစ်ယောက်ဆိုရင်တော့ ဒီ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံသင့်ပါဘူး။ ကစားကို ကစားကြည့် သင့်တဲ့ ဂိမ်းပါ။

Dota Underlords ကPC,Mac နဲ့Linux တို့ထွက်ရှိနေတဲ့ဂိမ်းဖြစ်ပါတယ်။ မိုဘိုင်းလ်ပေါ်ကိုတော့ အခုမှ ရောက်လာတာပါ။အခုချိန်မှာဂိမ်းကိုကစားလို့ရနေပြီဖြစ်ပေမယ့်ပိုကောင်းတဲ့အရသာတွေပေးစွမ်းနိုင်ဖို့update လုပ်သွားပေးဖို့ရှိတယ်လို့သိရပါတယ်။ Valve လိုပဲ Chinese studio ဖြစ်တဲ့ Drodo ကလည်း သူ့ရဲ့ကိုယ်ပိုင်ဂိမ်း title ဖြစ်တဲ့Auto Chess ကိုထုတ်လုပ်ထားပါတယ်။ ဂိမ်းထုတ်လုပ်မှုနဲ့ပတ်သတ်ပြီး Valve ဘက်က Drodo နဲ့ပူးပေါင်းထုတ်လုပ်ဖို့ပြောခဲ့ပေမယ့်ကုမ္ပဏီနှစ်ခုမှ သူတို့ကိုယ်ပိုင်နာမည်နဲ့ တစ်ခုစီ ထုတ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ Valve ရဲ့အရင်ကထုတ်လုပ်ခဲ့တဲ့မိုဘိုင်းလ်ဂိမ်းတွေကတော့Half-Life 2 နဲ့portal တို့ဖြစ်ပါတယ်။ သူတို့ကိုတော့Android အတွက်ထုတ်လုပ်ပြီးပါပြီ။

အခုနှစ်မှာပဲValve ရဲ့trading card ဂိမ်းArtifact ကိုထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမယ့်PC ဗာရှင်းဒီဇိုင်းအချို့ကြောင့် ထွက်ရှိဖို့ ပြဿနာနည်းနည်းရှိနေပါတယ်။ Dota Underlords ကအမြင်ထက်ပိုပြီး ရသတွေပေးစွမ်းနိုင်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ပုံစံကStrategy game ဖြစ်ပေမယ့်RPG ပိုဆန်ပါတယ်။ အကယ်၍ သင်က Dota ပရိသတ် သို့ ဂိမ်းတွေကို မြတ်နိုးတဲ့သူဆိုရင်တော့ ဒီဂိမ်းကို လုံးဝ ကစားကြည့်သင့်တယ်နော်။

Download link –Andriod ,iOs

Source – gamesindustry

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password