ActionArticle

Google Stadia မှာ ကစား နိုင်မယ့် Doom Eternal

၂၀၁၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ စီးရီးရဲ့ sequel ဖြစ်တဲ့ Doom Eternal ဟာ Google ရဲ့ platform အသစ်ဖြစ်တဲ့ Stadia platform ဆီကို လာတော့မှာဖြစ်ကြောင်းကို id Software developer က Google ရဲ့ GDC event မှာ အင်္ဂါနေ့ (မတ်လ ၁၆ရက်နေ့ ၂၀၁၉ ) တုန်းက ကြေညာလိုက်ပါတယ်။ Google Stadia ဟာ မကြာခင်ကမှ မိတ်ဆက်ခဲ့တဲ့ ဗီဒီယို streaming platform တစ်ခုပါ။Stadia ပေါ်က ဂိမ်းတွေက device တစ်ခုထဲက cloud ကနေတစ်ဆင့် stream ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ PC လို high-end စက်တွေနဲ့ ချိတ်ဆက်ဖို့ မလိုပါဘူး။ သူ့ကို ဥပမာအနေနဲ့ပြောရရင် Google Stadia က video ဂိမ်းတွေရဲ့Netflix ပေါ့။ ဗီဒီယိုဂိမ်းတွေကို တစ်ဆင့်ပြန်တင်ပေးမယ့် ပုံစံပါ။

ကြေညာချက်အတွင်းမှာ id အမှုဆောင်ထုတ်လုပ်သူ Marty Stratton မှ အဆိုပါဂိမ်းဟာ Stadia ပေါ်မှာ HDR suppport နဲ့60 frames per second ကို 4K resolution အထိ run နိုင်မယ်လို့ ရှင်းပြခဲ့ပါတယ်။ အခြား Stadia game တွေလိုပဲ Doom Eternal ကိုလည်း Stadia ထောက်ပံ့ထားတဲ့ device တွေဖြစ်တဲ့ desktop တွေ၊ laptop တွေ ၊စမတ်ဖုန်း ၊ တတ်ဘလက်တွေအပြင် တယ်လီဗီးရှင်းတွေမှာပါ ကစားနိုင်မှာဖြစ်ပါတယ်။ Doom ကို Google ရဲ့ Stadia controller နဲ့လည်း သုံးလို့ရပါတယ်။

Doom Eternal

Doom eternal က id Software ရဲ့ ၂၀၁၆ follow-up တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Stadia ဗားရှင်းကို အခြား Platform ပေါ်မှာပါ ကစားလို့ရနိုင်မှာလား ဒါမှမဟုတ် အခြား platform တွေအတွက် နောက်မှ ထွက်ရှိလာမှာလားဆိုတာကိုတော့ ထုတ်ဖော်မပြောကြားရသေးပါဘူး။

Assassin’s Creed Odyssey

Google Stadia မှာချိတ်ဆက်မယ့် နောက်ထပ် ဂိမ်းတစ်ခုကတော့
Assassin’s Creed Odyssey ပဲဖြစ်ပါတယ်။ Project Stream beta ကာလမှာ Assassin’s Creed Odysseyဂိမ်းတစ်ခုတည်းကိုပဲ ကစားလို့ ရနိုင်ဦးမှာပါ။ သူတို့နှစ်ခုကတော့ အတည်ပြုပြီးသွားပါပြီ။

Cyberpunk 2077 and Dead Cells

နောက် rumour ထွက်နေတဲ့ဂိမ်းတွေကတော့ Cyberpunk 2077 နဲ့ Dead Cells တို့ပဲဖြစ်ပါတယ်။ Cyberpunk 2077 က  Witcher Developer နဲ့ CD Project RED တို့ရဲ့ ၄ခုမြောက် full-scale RPG elements ဂိမ်းဖြစ်ပါတယ်။ Developer တွေဘက်က Stadia အတွက် ထောက်ပံ့ပေးမယ်လို့ အတည်ပြုပေးထားတာကြောင့် Cyberpunk 2077 လည်း Google stadia အတွက် ခေါင်းစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။

အောင်မြင်နေတဲ့ ‘Metroid Vania’ စတိုင်ဂိမ်း Dead Cells ကိုလည်း Stadia မှာ ပါဝင်လာမယ့် ဂိမ်းလို့ပြောရတဲ့အကြောင်းက ဂိမ်းရဲ့ developer “Motion Twin” က Google Stadia games တွေရဲ့စာရင်းမှာ ပါဝင်ဖို့ အတွက် ကမ်းလှမ်းခဲ့တာမို့လို့ဖြစ်ပါတယ်။

Google Stadia မှာ ဂိမ်းတွေကို Stream မယ်ဆိုရင် မြန်နှုန်းမြင့်အင်တာနက်တော့ လိုအပ်မှာပါ။ ဥပမာ 1080P ရှိတဲ့ဂိမ်းကို stream မယ်ဆိုရင် အင်တာနက်မြန်နှုန်းက အနည်းဆုံး 25 Mb/s လောက်ရှိဖို့ လိုပါတယ်။ 4K gaming ဆိုရင်တော့ 30 Mb/s လောက်ရှိကို ရှိထားရမှာပါ။ အရင်ကတော့ Google Stadia ကို Google Project Stream လို့ သိကြပါတယ်။

Source- Polygon , Foddbytes

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password