သံစဉ်တွေထဲမှာ နစ်မျောသွားစေမယ့် Deemo

စာဖတ်သူတို့ google ကိုဖွင့်ပြီး “Top 10 rhythm games for mobile” လို့ ရှာလိုက်တယ်ဆိုရင် Deemo ဆိုတဲ့ နာမည်ကို list တိုင်းနီးပါး လိုလိုမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခု မိတ်ဆက်ပေးချင်တာကတော့ အဆိုပါ Deemo ဆိုတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ Deemo ကို ထိုင်ဝမ်အခြေစိုက် Rayark Inc. က ဖန်တီးရေးဆွဲထားတာဖြစ်ပြီး သူတို့ အရင်ကထုတ်လုပ်ဖူးတဲ့ rhythm ဂိမ်းတွေကို အခြေခံကာ အဆင့်မြင့်တင်ပြီး ရေးဆွဲထားတာ ဖြစ်လို့ gameplay ပိုင်းအရ အလွန်ပဲ ချောမွေ့တာကို တွေ့ရမှာပါ။ Deemo ဟာ app store တွေပေါ်မှာရှိတဲ့ အခြား ပုံစံတူဂိမ်းတွေနဲ့မတူဘဲ ပါဝင်တဲ့ သီချင်းတွေအားလုံးက Piano သံစဉ်အဓိကပါဝင်တာ ဖြစ်တာမို့ classical ချစ်သူများ၊ acoustic သံစဉ်ချစ်သူများအဖို့ အထူး သဘောတွေ့ကြမယ်လို့ အာမခံပါတယ်။

Rhythm ဂိမ်းတို့ ထုံးစံအတိုင်း ကစားသူက screen မှာပေါ်လာတဲ့ notes လေးတွေကို သီချင်းစည်းချက်နဲ့အညီ လိုက်လံတီးခတ်ရမှာ ဖြစ်ပါတယ်။ Notes လေးတွေကို မှန်ကန်အောင် လိုက်လံတီးခတ်ပြီး ရမှတ်များများရအောင် ကြိုးစားကာ သီချင်းအသစ်တွေကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက သီချင်းအသစ်တွေကို ဖွင့်လှစ်နိုင်တဲ့ အခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဂိမ်းအတွင်းမှာ ပါဝင်တဲ့ အခန်းတွေထဲက ပစ္စည်းတွေကို လိုက်လံရှာဖွေပြီး လျှို့ဝှက်သီချင်းတွေကို ဖွင့်နိုင်ဦးမှာပါ။ နောက်တစ်နည်းကတော့ သီချင်းတွေ ပိုက်ဆံနဲ့ဝယ်ယူခြင်း ဖြစ်ပါတယ်။ ကိုယ်တကယ် နှစ်သက်တယ်ဆိုရင်တော့ ပိုက်ဆံနည်းနည်း ရင်းလိုက်ရတာ တန်တယ်လို့တောင် ပြောလို့ရတဲ့အထိ သီချင်းတွေက ကောင်းပါတယ်။ လက်ရှိမှာတော့ Deemo ဂိမ်းထဲမှာ ကစားလို့ရတဲ့ သီချင်းပေါင်း ၂၂၂ ပုဒ် တောင်ရှိနေပါပြီ။ ထိုင်ဝမ်၊ ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့က အထင်ကရ သီချင်းရေးစပ်သူတွေရဲ့ လက်ရာဖြစ်တာမို့ သီချင်း အပုဒ်ချင်းစီတိုင်းရဲ့ အရည်အသွေးကို အထူးတလည် စာဖွဲ့မပြတော့ဘဲ ကိုယ်တိုင်ခံစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

Deemo ရဲ့ နောက်ထူးခြားချက်တစ်ခုက အခြား rhythm ဂိမ်းတွေလို သီချင်းတီးခတ်ရုံသက်သက် မဟုတ်ဘဲ သူ့မှာ အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။ Deemo ဆိုတဲ့ လျှို့ဝှက်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ သတ္တဝါနဲ့ Alice ဆိုတဲ့ ကောင်မလေးတို့ နှစ်ယောက်ကြားမှာ ဘယ်လို ပတ်သက်မှုတွေ ရှိသလဲ ဆိုတာကို ကစားသူတွေက သီချင်းလေးတွေ တီးခတ်ရင်း အဖြေရှာရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတည်ဆောက်ရာမှာ စာတန်းတွေချည်းပဲ ထိုးပြမှာမဟုတ်ဘဲ သီချင်းတွေ တီးခတ်ပြီးတိုင်း မြင်ရမယ့် cut scene လေးတွေကို တစ်ခုနဲ့ တစ်ခု ဆက်စပ် စဉ်းစားပြီး ကစားသူမှ အဖြေရှာရမှာပါ။ ဇာတ်လမ်း အဆုံးသတ်ဟာလည်းပဲ မိမိပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်အောင် ကောင်းမွန်လှတာမို့ စိတ်ကူးညံကွန့်မြူးတတ်ပြီး ဇာတ်လမ်းကောင်း ကြိုက်တတ်သူတွေအဖို့ လက်မလွတ်သင့်ပါဘူး။ ဒီလောက်တောင် ညွှန်းနေရတဲ့ Deemo ဂိမ်လေးကို iOS ရော၊ Android မှာပါ $ 1.99 နဲ့ ၀ယ်ယူ ကစားနိုင်မှာဖြစ်ကြောင်း အသိပေး သတင်းကောင်းပါးလိုက်ပါတယ်။

Image Source:

https://itunes.apple.com/us/app/deemo/id700637744?mt=8

http://deemo.wikia.com/wiki/Gameplay

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password