ArticleNews

Dead by Daylight မိုဘိုင်းလ်ပေါ်ကိုရောက်လာတော့မည်ဟုBehaviour Interactive အတည်ပြု

Multiplayer Horror ဂိမ်းအမျိုးအစား Dead by Daylight ဟာဆိုရင်မကြာခင်မှာမိုဘိုင်လ်းပေါ်ရောက်လာတော့မယ်လို့Behaviour Intetactive မှအတည်ပြုလိုက်ပါပြီ။ဒီသတင်းက Horror ဆန်ဆန် သည်းထိတ်ရင်ဖို ဂိမ်းတွေကို earphones တပ်ပြီး Volume မြင့်မြင့်နဲ့ ဆွဲရတာကြိုက်တဲ့ gamer တွေအတွက်လုံးဝကို ကွက်တိပါ။အဲ့တာကြောင့် လုံးဝကို လက်မလွှတ်သင့်တဲ့ဂိမ်းတွေထဲက တစ်ခုဖြစ်သွားပြီနော်။ စိတ်ဝင်စားရင် ထပ်ပြီး ဖတ်ကြည့်ပေးသွားပါ။

Dead by Daylight ထဲမှာလူသတ်သမား လုပ်မှာလားထွက်ပြေးသူလုပ်မှာလားဆို တာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Multiplayer ဂိမ်းဖြစ်တာကြောင့်သူငယ်ချင်းတွေနဲ့ ပါကစားလို့ရနိုင်မှာပါ။Daylight မှာထွက်ပြေးရှင်သန်သူဘက်က ကစားရင်ကစားသမား၄ယောက်ပါဝင်နိုင်ပါတယ်။လူသတ်သမားဘက်ကကစားရင်တော့တစ်ယောက်တည်းဖိုက်ရမှာပါ။ထွက်ပြေးရှင်သန်သူကလွတ်မြောက်အောင်လုပ်ရမှာဖြစ်ပြီးလူသတ်သမားကတော့သတ်ရမှာပါ။ဂိမ်းထဲမှာပုံစံတစ်မျိုးစီနဲ့ထူးခြားတဲ့ ရုပ်ရှင် တွေ၊ကာတွန်းတွေကနေ နာမည်ကြီးတဲ့ပုံစံတွေကိုfeaturing ယူထားတာတွေ့နိုင်မှာပါ။Trailer လေးကို တစ်ချက် ကြည့်လိုက်ပါဦး။

ခြောက်ခြားစရာ ပတ်ဝန်းကျင်နဲ့ ဇာတ်ကောင်တွေကလည်း လုံးဝကို ပီပြင်သလားမမေးနဲ့။Gameplay ပုံစံကလည်း ကြက်သီးထစရာကြီး။ အသည်းငယ်တဲ့သူဆိုရင် Trailer တောင်အပီးထိ ကြည့်နိုင်ပါ့မလား???

Dead by Daylight ရဲ့ အကြောင်းအရာ အပြည့်အစုံကိုသိချင်ရင်ဒီlink ထဲမှာဝင်ပြီး လေ့လာနိုင်ပါတယ်။ Dead by Daylight ကိုအခုချိန်မှာPC၊Xvox One နဲ့PS4 တို့မှာNintendo Switch ဗားရှင်းနဲ့ကစားလို့ရန ပြီလို့သိရပါတယ်။ ကဲဘယ်လိုလဲ ဘော်ဘော်တို့ရေ ထွက်ရင် စမ်းကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီလား??

Source – droidgamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password