အမိုက်စား သေနတ်ပစ်ဂိမ်း Critical Ops

အားလုံးပဲ မင်္ဂလာပါနော်။ Back to Millenniums ဆိုတဲ့ ရှိုးပွဲလေးကိုရောက်ဖြစ်ရင်း ကျောင်းလစ်ပြီး အသည်းအသန်ဂိမ်းဆိုင်ပြေးရတဲ့ ငယ်ဘဝကိုလည်းသတိရမိတယ်။ အဲ့အချိန်တုန်းက ကျောင်းလစ်ပြီးဆော့ရတဲ့ဂိမ်းကတော့ တခြားမဟုတ်ပါဘူး။ 90s born တွေရဲ့ အသည်းစွဲ Counter Strike ပါပဲ။ အဲ့ဒီခေတ်တုန်းကတော့ အင်တာနက်ဆိုတာလည်း တွင်တွင်ကျယ်ကျယ်မရှိသေးတော့ အိမ်မှာ PC နဲ့ တစ်ယောက်တည်းကစားရတာထက်စာရင် internet ဆိုင်သွား သူငယ်ချင်းတွေနဲ့ ချိတ်ဆော့ပြီး အော်ဟစ်ရတာကို ကျွန်တော်ကတော့ ပိုနှစ်သက်ခဲ့မိတယ်ဗျ။

နည်းပညာတွေတိုးတက်လာတာနဲ့ အမျှcounter strike ကို version အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ လည်းထွက်ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ PC နဲ့သာမက mobile phone များနဲ့ပါ Counter Strike ကိုကစားနိုင်နေပြီဖြစ်ပါတယ်။ Offline Game တွေရှိသလို Mobile Data နဲ့မှကစားနိုင်မဲ့ဂိမ်းတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ Offline Game တွေထက်စာရင် Online Game တွေကိုပိုကြိုက်တယ် ဗျ (Game Chat Box ကနေ ရန်ဖြစ်လို့လည်းရတယ်လေ)။ ဟဲဟဲ အပျော်သဘောပါဗျ။ ဆော့လို့ကောင်းမဲ့ Counter Strike ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော့အကြိုက်လည်းဖြစ်၊ အခုနောက်ပိုင်း ကလေးများသာမက လူကြီးများပါ ကြိုက်နှစ်သက်စွာ စွဲစွဲလန်းလန်းဆော့ကစားနေကြတဲ့ Critical Ops ပဲဖြစ်ပါတယ်။

သူကတော့ Mobile တွင်သာမက PC နဲ့ပါ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အင်တာနက်လိုအပ်မှာဖြစ်ပြီး Online Game အမျိုးအစားဖြစ်ပါတယ်။ Counter Terrorists အနေနဲ့ ကစားမလား၊ Terrorists အနေနဲ့ကစားမလား စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်တိုင် Game Room တစ်ခုထောင်ကာ Public ဖွင့်ထားပါက နိုင်ငံတကာမှ ကစားဖော်များလည်း ဝင်ရောက်ကစားနိုင်မှာဖြစ်ပါတယ်။ ASIA, EUROPE, NORTH AMERICA,RUSSIA, SOUTH AMERICA, TURKEY ဆိုပြီး Game Server ၆ မျိုးရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ Server ကိုရွေးချယ်ကစားနိုင်ပါတယ်။ အဲ ဘိုမ ချောချောလေးတွေနဲ့ တူတူကစားချင်ရင်တော့ EUROPE Server မှာဆော့ပေါ့ဗျ (ဒါလည်းအပျော်သဘောပါနော်)။ Critical Ops ကိုကစားချင်တယ်ဆိုရင်တော့ဖြင့်

https://itunes.apple.com/ao/app/critical-ops/id1017717218?mt=8https://

play.google.com/store/apps/details?id=com.criticalforceentertainment.criticalops&hl=en

http://apk.koplayer.com/download-Critical-Ops-for-pc.html

တို့မှာ download ရယူနိုင်ပါတယ်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password