ArticleNewsReviews

Call of Duty Mobile နှင့်PUBG Mobile ရဲ့ နှိုင်းယှဉ်ချက်

Call of Duty:Mobile ကိုကစားနေကြတဲ့သူတွေ ရှိနေကြပြီလား။ သူ့ကိုwebsite အများစုနဲ့အခြားတရားမဝင်ဂိမ်းlink ချပေးတဲ့နေရောတွေတော်တော်များများမှာ download လုပ်ယူလို့ရနေတာကိုတွေ့ရပါတယ်။ Fake link တွေကိုတော့ သတိထားကြပါနော်။ Global ဗားရှင်း တရားဝင် မထွက်သေးတာကြောင့် ခုချိန်မှာတော့ အက်မင်တို့ဆီမှာ pre-register ပဲလုပ်လို့ရသေးပါတယ်။ကစားနေတဲ့ သူတွေရှိရင်ရော PUBG Mobile နဲ့ယှဉ်ကြည့်ပြီးကြပြီလား???မယှဉ်ကြည့်ရသေးရင် အက်မင်မြင်မိသလောက် နှိုင်းယှဉ်ကြည့်ပေးပါ့မယ်။

COD( Call of Duty) ပရိသတ်တွေကတော့သူ့ရဲ့Mobile ဂိမ်းနဲ့ပတ်သက်ပြီး အရူးအမူးဖြစ်နေပေမယ့်PUBG ဖန် အချို့ကတော့အကောင်းဆုံးမဟုတ်သေးဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ အဲ့တာကြောင့် တကယ့်လက်တွေ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့…

Gameplay ပုံစံအရCOD ကPUBG နဲ့တော်တော်တူတာကိုတွေ့ရပါတယ်။COD မှာfirst person ရောthird person ရောနှစ်မျိုးလုံးကစားနိုင်မှာပါ။ ဒါပေမယ့်first person ပုံစံလေးကိုပိုပြီးကြိုက်ပါတယ်။ COD ရဲ့Gameplay ကPUBG ထက်ပိုချောမွေ့ပြီးပိုမြန်ပါတယ်။ Multiplayer Map ၈ခုနဲ့ ရောက်လာမှာဖြစ်ပြီး Domination ၊ Search & Destroy ၊Team Deathmatch နဲ့ အခြား game mode ပုံစံရွေးချယ်စရာတွေ လည်းပေးထားပါတယ်။ ဒါ့အပြင်CODမှာBattle Royal mode ပါ ထည့်ထားပါတယ်။ Battle Royal mode မှာဆိုရင်ဟယ်လီကော်ပတာနဲ့ပါ ပျံခွင့်ပေးထားမှာပါ။

ကွဲပြားတဲ့အချက် တစ်ခုကတော့ COD ကCommunication ပိုင်းနဲ့ပတ်သတ်ရင် PUBG လို သိပ်ကောင်းကောင်းလုပ်လို့မရပါဘူး။ ရင်းနှီးတဲ့မိတ်ဆွေတွေကိုတော့Invite လုပ်ပြီးအခန်းတစ်ခန်းထဲထည့်ပြီး ကစားလို့ရပါတယ်။ ဒါကလည်း PUBG နဲ့ယှဉ်ရင်တော့ ပါမွှားလေးပါ။

သေချာနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ COD ကPUBG ကိုမယှဉ်နိုင်သေးပါဘူးလို့ မြင်မိပါတယ်။အဲ့ဒါကလည်း ကစားတဲ့အရေအတွက်ရယ် download လုပ်ရတဲ့Region ရယ်ကို Limit လုပ်ထားတာကြောင့်လို့တော့ အက်မင်ထင်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းတွင်ကျယ်လာရင်တော့ COD Mobile ကPUBG Mobile ကို အမှီလိုက်နိုင်ကောင်း လိုက်နိုင်မယ်လို့တော့ ထင်ပါတယ်။

Source – Thequint

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password