လက်တစ်ချောင်းတည်းနဲ့ ဆော့လို့ရမယ့် Color Switch!

လက်တစ်ချောင်းပဲလိုတယ်ဆိုတာ ဖုန်းဆိုဒ်သေးတဲ့လူတွေအတွက်ပါ။ ဖုန်းဆိုဒ်ကြီးရင်လက်တစ်ဖက်လောက်ကတော့လိုအပ်မှာပါ။ ဒီဂိမ်းကကြည့်ရင်တော့ဘာမှမဟုတ်ဘူးထင်ရပေမယ့် တစ်ကမ္ဘာလုံးမှာ 180,000,000 ကျော်လောက် Download ဆွဲပြီးဆော့နေတာကိုကြည့်ခြင်းဖြင့် ဒီဂိမ်းကတော့တစ်ခုခုပါပဲ။

ကျွန်တော်လည်း ဒီဂိမ်းကိုမဆော့ကြည့်ခင်ကဆိုရင်ဘာဂိမ်းမှလည်းမဟုတ်ပါဘူးဆိုပြီးတွေးမိပါသေးတယ်။ အားတဲ့အချိန်ရောက်တော့ပျင်းတာနဲ့ စမ်းဆော့ကြည့်ရာကနေဘယ်လိုမှန်းမသိစွဲသွားတာပါ။ အခုဆိုလူစောင့်ရတဲ့အချိန်တို့၊ Toilet သွားတဲ့အချိန်တို့၊ Break-Time တို့မှာ ဆော့ဖြစ်နေပါပြီ။ အံ့သြစရာပါပဲ။

 

ဆော့ရမယ့်ပုံစံကလည်းလွယ်ကူရိုးရှင်းပါတယ်။ Color Switch ဂိမ်းထဲမှာမိတ်ဆွေရဲ့ Character ကဘောလုံးသေးသေးလေးပါပဲ။ ဘောလုံးကရောင်စုံရှိပါတယ်။ စစချင်းမှာမိတ်ဆွေကိုပေးချင်တဲ့အရောင်ပေးထားမှာပါ။ ပန်းရောင်၊ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင် စတာတွေအပြင်တခြားအရောင်တွေလည်းပါ ပါသေးတယ်။ အဲ့ဒီဘောလုံးသေးသေးလေးနဲ့ မိတ်ဆွေကလမ်းတလျှောက်သွားနေရမှာပါ။ လမ်းတလျှောက်မှာလည်း ထောင်ချောက်တွေတော်တော်များများရှိနေမှာပါ။ ထောင်ချောက်တွေကလည်းအရောင်မျိုးစုံနဲ့လှုပ်ရှားနေကြမှာပါ။

အဲ့ဒီထောင်ချောက်တွေကိုရှောင်လို့မရပါဘူး၊ ဖြတ်ကျော်ရမှာပါ။ ဖြတ်ကျော်ရမယ့်နည်းကလွယ်ကူပါတယ်။ ထောင်ချောက်တွေကလှုပ်ရှားနေမှာဖြစ်တဲ့အတွက် မိတ်ဆွေဘောလုံးသေးသေးအရောင်နဲ့ကိုက်မယ့် ထောင်ချောက်အရောင် တွေ့ရင် ဖြတ်ကျော်လိုက်ရုံပါပဲ။ ထောင်ချောက်အရောင်နဲ့မိတ်ဆွေဘောလုံးအရောင်မတူတဲ့အချိန် မှားပြီးဖြတ်ကျော်မိရင်တော့ မိတ်ဆွေရဲ့ဘောလုံးကြေမွသွားပြီး Game Over မှာဖြစ်ပါတယ်။

မိတ်ဆွေသွားရာလမ်းတစ်လျှောက်မှာ Power Up ရောင်စုံပုံစံလေးနဲ့ ကြယ်တွေ ရှိနေမှာပါ။ Power Up ကိုစားမိရင် Power တော့ up လာမှာမဟုတ်ပါဘူး၊ မိတ်ဆွေရဲ့ ဘောလုံးအရောင်ပဲပြောင်းသွားမှာဖြစ်ပါတယ်။ ကြယ်တွေကိုစားရင်တော့ Score တက်မှာဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Endless အမျိုးအစားဖြစ်တာကြောင့် မိတ်ဆွေသွားထားတဲ့ Score တွေထဲကအကောင်းဆုံး Score ကို record လုပ်ပေးထားမှာဖြစ်ပါတယ်။ Best Score ကိုကျော်အောင်အမြဲဆော့နေရမှာပါ။ Color Switch ဂိမ်းလေးကို Foreign က Funny Video တွေလုပ်တဲ့ Celebrity တော်တော်များများလည်းဆော့နေကြတာကိုမိတ်ဆွေသတိထားမိလောက်မှာပါ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပြီး ဆော့ရတာလွယ်ကူတဲ့ Mini ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Download တော့ဆွဲပြီးဆော့ချင်ပေမယ့် Playon ရဲ့ Search Box ကိုပြန်မသွားချင်ရင်အောက်က Link ကနေတစ်ခါတည်းသွားနိုင်ပါပြီ။

Download Link –   https://playon.com/color-switch/

 

 

 

 

 

Source: Color Switch – Android Apps on Google Play

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password