ArticleNews

အထူးခြားဆုံး တည်နေရာတွေနဲ့ Call of Duty Mobile ရဲ့ Battle Royale island

ပြီးခဲ့တဲ့ မတ်လကတည်းက ကြေညာခဲ့တဲ့ Call of Duty Mobile ဗားရှင်းမှာ multiplayer mode တွေသာမက Battle Royale mode ပါ ပါတာကို အားလုံးပဲသိကြမှာပါနော်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ Battle Royale island လေးအကြောင်းကို နည်းနည်းပြောချင်ပါတယ်။ Multiplayer မှာဆိုရင်တော့ Black Ops နဲ့ Modern Warfare ဂိမ်းတွေရဲ့ maps တွေကို ပြုပြင်မွန်းမံထားတဲ့ စုစည်းမှုတွေကို မြင်တွေ့ရမှာပါ။

Map တွေရဲ့အရွယ်အစားက သေးသွားတယ်ဆိုပေမယ့် မူရင်းနဲ့ယှဉ်ကြည့်ရင်အမှားတော့ မပါပါဘူး။ ထိုနည်းအတိုင်းပဲ Battle Royale mode မှာလည်း အသစ်တွေလိုမျိုး တူညီတဲ့ mini-collection location လေးတွေရှိပါတယ်။ ကစားသမားတွေအနေနဲ့ solo /duo/quad ဆိုပြီး ရွေးချယ်ကစားနိုင်မှာပါ။ အသံ ၊ စာသားနဲ့ အချက်ပြ စနစ်တွေကိုလည်း ရွေးချယ်ပြီး ကစားနိုင်ပါတယ်။ အကယ်၍ သင်က သူ့ကို ကစားကြည့်နေပြီဆိုရင်တော့Call of Duty အတွက် အသုံးဝင်တဲ့ kill streak ဘောနပ်စ်တွေ ၊ clan တွေနဲ့ ၊ special ဘောနပ်စ်တွေကို ရှာတွေ့မှာပါ။

ဂိမ်းထဲမှာတွေ့ရမယ့် skin တွေကအစ free သုံးနိုင်မှာတွေ များပါတယ်။ အဲ့တာကြောင့် player တွေ အနေနဲ့ လက်နက်တွေရယူတာနဲ့ character တွေကို unlock လုပ်တာကို အခမဲ့စမ်းပြီး ကစားနိုင်ပါတယ်။ ခုမှ Touch-screen နဲ့ အကျွမ်းတဝင်ရှိတဲ့သူတွေအနေနဲ့ auto-fire mode ကို ရွေးချယ်သင့်ပါတယ်။ သူက ရန်သူတွေကို သေနတ်နဲ့ အလို အလျောက်ပစ်တဲ့ mode ပါ။ On-screen fire button ကိုတော့ ပိုပြီး မြန်ဆန်တဲ့ တုံ့ပြန်ချက်ပေးနိုင်တာကြောင့် အတွေ့အကြုံရှိ player တွေ ကြိုက်ကြတယ်လို့ သိရပါတယ်။

Call of Duty Mobile ရဲ့ developer Activision ကတော့ ဂိမ်းကို ကမ္ဘာတစ်ဝှမ်းမှာ စတင်ဖြန့်ချီတော့မယ်လို့ ကြေညာထားပါတယ်။ ကစားလို့ရနေတဲ့သူတွေရှိသလို မရသေးသူတွေလည်း ရှိတာကြောင့် နောက်ပိုင်း အားလုံးရအောင် စီစဉ်ပေးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

Source – polygon

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password