ArticleNews

ကစားလို့ရနေပြီဖြစ်တဲ့Breaking Bad: Criminal Elements

အရမ်းကိုလူကြိုက်များပြီးနာမည်ကြီးတဲ့Breaking Bad ရုပ်ရှင်ဟာဆိုရင်အခုချိန်မှာမိုလ်ဘိုင်းဂိမ်းထွက်နေပါပြီ။သူ့ကိုBreaking Bad : Criminal Elements လို့နာမည်ပေးထားပြီးGoogle Play Store / App Store တို့ မှာ ဒေါင်းလုတ်လုပ်ယူနိုင်နေပါပြီ။ဂိမ်းမထွက်ခင် ကတည်းက ဒီဂိမ်းလေးအကြောင်းကို အက်မင် ပြောပြဖူးပါတယ်နော်။ မှတ်မိသေးတဲ့သူတွေရှိကြလား။
မမှတ်မိတော့ရင်လည်း ဒီ Link လေးထဲ ဝင်ကြည့်ကြည့် ကြပါနော်။

ဂိမ်းထဲမှာplayer ကကိုယ်ပိုင်မူးယစ်နိုင်ငံတော်ကြီးကိုတည်ထောင်ဖို့ကြိုးစားနေတဲ့Walter White နဲ့Jesse Pinkman တို့ရဲ့ဆက်စပ်သူတွေအနေနဲ့ကစားရမှာပါ။ သင့်ရဲ့နယ်မြေကို တောင့်တင်းခိုင်မာတဲ့ နယ်ပယ်တစ်ခုအဖြစ် ပုံဖော်ရမှာဖြစ်တာကြောင့် ဗျူဟာကောင်းကောင်းလေးတွေရှိဖို့တော့လိုပါမယ်။ အချိန်မရွေးရန်သူရဲ့ကျူးကျော်တိုက်ခိုက်မှုကို ခံရနိုင်ချေလည်းရှိလို့ အစောင့်တွေကိုလည်း အပြည့်ချထားရမှာပါ။ Trailer လေးကို အောက်မှာ တစ်ချက် ရှိုးသွားလိုက်ပါဦး။

Trailer ထဲမှာတွေ့ရတဲ့အတိုင်း ဂိမ်းထဲမှာ တကယ့် ရုပ်ရှင်ထဲက လူတော်တော်များများကို တွေ့ရမှာပါ။ အုတ်ခဲတွေကိုအဆင့်မြှင့်တင်ဖို့သုံးနိုင်မှာဖြစ်ပြီးရွှေတွေကိုတော့ပျောက်ဆုံးနေတဲ့ရင်းမြစ်တွေကိုဝယ်ယူတဲ့နေရာမှာသုံးနိုင်ပါတယ်။ ဂိမ်းထဲမှာ အဓိကလုပ်ရမှာက တိုက်ခိုက်ခြင်း ၊ ကာကွယ်ခြင်း ၊ ထုတ်ကုန် ထုတ်လုပ်ခြင်း နဲ့ အဆောက်အဦးဆောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။ Graphic တွေရော ၊ Audio ပိုင်းရော ၊ Character တွေကအစ သေချာလေးဖန်တီးထားတာကြောင့် အားလုံးပဲ ကြိုက်နှစ်သတ်လောက်မှာပါ။

အခမဲ့ download ရယူနိုင်တဲ့ free to play ဖြစ်ပေမယ့် ဂိမ်းitem တွေကိုတော့app purchase နဲ့ဝယ်ယူရမှာပါ။ ဂိမ်းitem တွေရဲ့ဈေးနှုန်းတွေကတော့ 0.99 ကနေ99.99 ဒေါ်လာအထိတန်ဖိုး ရှိပါတယ်။

Source – androidauthority

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password