ArticleNewsReviews

Battle Royale အရသာ အပြည့်အဝပေးနိုင်မယ့် FPS Battle 2019

ဒီတစ်ခေါက်မှာတော့ မကြာသေးခင်ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ FPS Battle 2019 ဆိုတဲ့ Battle Royale ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တိုက်ပွဲတွေ တကယ်၀င်နေရသလို ခံစားရစေမယ့် ဂိမ်းလေးဖြစ်ပါတယ်။ တိုက်ပွဲတွေကို အောင်နိုင်ဖို့အတွက် လက်နက်တွေသုံးပြီး ဖိုက်ရမယ့် ဂိမ်းမျိုးပါ။ Battle Roylae ဂိမ်းတွေကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်အောင် အားလုံးသိပြီးကြမှာပါ။

ဒီဂိမ်းလေးရဲ့ အကောင်းဆုံးအချက်က အင်တာနက်မလိုပဲ offline အနေနဲ့ကစားနိုင်တာပါ။ တိုက်ပွဲထဲမှာပါဝင်ပြီး ရန်သူတွေကို အနိုင်ယူကာ အောင်မြင်မှုကို ဆွတ်ခူးရမှာဖြစ်ပါတယ်။တိုက်ပွဲတွေကို ရင်ဆိုင်ပြီး မစ်ရှင်ကို ပြည့်စုံအောင်လုပ်ရင် ရှင်သန်နိုင်ပါပြီ။ ဂိမ်းက 3D အက်ရှင်ဂိမ်းအမျိုးအစားဖြစ်လို့ ကစားနေရင်း တကယ့်ကိုမိုက်တဲ့ Battle Royale အရသာ အပြည့်အ၀ ပေးစွမ်းနိုင်မှာပါ။ ဒီလိုဂိမ်းကောင်းတွေကို Offline အနေနဲ့ အင်တာနက်မလိုပဲ ကစားနိုင်မယ်ဆိုတော့ လုံးဝကို အမေးဇင်းပါပဲနော်။

FPS Battle 2019 ရဲ့ feature တွေကတော့

• Global Theme Map.
• 30+ Players on the Ground
• Epic Army Weapons and Upgrades
• Multiple Shooter Tasks with Special Gaming Types
• Offline Challenges and Survival Battles. ပါ။

လက်နက်အသစ်တွေကို unlock လုပ်ပြီး မစ်ရှင်တိုင်းအတွက် အဆင့်မြှင့်တင်လို့ရပါတယ်။
Shooter ဂိမ်းကြိုက်သူတွေ ရွေးချယ်သင့်တဲ့ free အက်ရှင်ဂိမ်းလေးဖြစ်ပါတယ်။ တစ်ကိုယ်တော်အပစ်သမားလုပ်ချင်တဲ့သူတွေအတွက် လည်းတကယ့်ကို မိုက်တဲ့ ဂိမ်းလေးပါ။ နမူနာ ဗီဒီယိုလေးကို ၀င်ရှိုးလိုက်ပါဦး။

အရမ်းကိုမိုက်တာပဲနော်… PUBG လိုလို ဘာလိုလိုနဲ့…ဟီး…
Battle Royale ဂိမ်းပရိသတ် ကစားနိုင်ဖို့ အောက်မှာ link လေးတွေပါ တစ်ခါတည်း ချပေးထားပါတယ်။ Android အတွက်ပဲ ရှာတွေ့လို့ အောက်မှာ Google Play Store link ချပေးထားတယ်နော်။

Download Link – Android

Source – Google

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password