အလန်းစားကားတွေမောင်းရင်း စိတ်ကြိုက် Drift ဆွဲလို့ရမယ့် Asphalt 8: Airborne

အားလုံးပဲ မင်္ဂလာရှိသောနေ့လေး ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။ နေ့တိုင်းနေ့တိုင်း စိတ်ဝင်စားဖွယ်ဂိမ်းတွေကို ကျွန်တော်တို့ PlayOn Page မှမိတ်ဆက်ပေးနေပါတယ်။ အခုတစ်ခါမှာလည်း ဘယ်လိုစိတ်ဝင်စားဖွယ်ဂိမ်းလေးကို မိတ်ဆက်ပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

ကျွန်တော်ငယ်ငယ်က အရမ်းကျောင်းလစ်ပြီးဂိမ်းဆော့တာဗျ။ ကျွန်တော် မှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ ကျွန်တော် ၆တန်းနှစ်ပေါ့။ Internet ဆိုတာလည်းမသိသေး၊ Counter Strike ဆိုတာလည်းဝေးရောပေါ့။ အဲဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်ကျောင်းလစ်ပြီးဆော့ခဲ့တဲ့ဂိမ်းက Hot Wheels Extreme လေပွေကားမောင်းလို့ ခေါ်တဲ့ PS1 ဂိမ်းအမျိုးအစားပါ။ တော်တော်ဆော့လို့ ကောင်းတဲ့ဂိမ်းလေးဗျ။ ကားပြိုင်မောင်း၊ ရတဲ့ပါဝါတွေနဲ့ ကိုယ့်ရှေ့ ရောက်နေတဲ့ ကားကိုလေပွေလွှတ်တာတို့၊ ကျောက်တုန်းနဲ့ ပစ်တာတို့လုပ်လို့ရတယ်ဗျ။ အရမ်းကိုဆော့လို့ ကောင်းခဲ့ပါတယ်။

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကျွန်တော်လည်းအသက်ကြီးလာတယ်လေ။ အရင်လိုပြေးစရာကျောင်းလည်းမရှိတော့ပါဘူး။ အခုကျွန်တော်မိတ်ဆက်ပေးမဲ့ဂိမ်းလေးက Hot Wheels Extreme လိုမျိုးဆော့လို့ကောင်းပြီး Mobile Device တွေမှာတင်ဆော့လို့ရတဲ့ Asphalt 8: Airborne ဆိုတဲ့ဂိမ်းလေးပဲ ဖြစ်ပါတယ်။ Graphic တော်တော်ကောင်းတဲ့ ဂိမ်းလေးပါဗျ။ Internet မလိုအပ်လို့ Bill လည်းမကုန်သလို၊ ကျွန်တော့လိုကျောင်းပြေးပြီး ဂိမ်းဆိုင်သွားစရာလည်းမလိုတော့ဘူးပေါ့။

Asphalt 8: Airborne ဂိမ်းလေးအကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်ခင်မျ။ သူကကားမောင်းပြိုင်ရတဲ့ဂိမ်းလေးဖြစ်ပြီး Offline ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် Internet မလိုအပ်ပါဘူး။ Multiplayer, More Racing Options, Career ဆိုပြီး Mode ၃မျိုးရှိမှာဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ Multiplayer Mode မှာဆော့ချင်ရင် Internet Connection လိုအပ်မှာဖြစ်ပါတယ်။ ဒါမဲ့ ကျန်တဲ့ Mode ၂မျိုးမှာ ရွေးချယ်စရာတွေအများကြီးရှိတာမလို့ စိတ်ကြိုက်ရွေးပြီးဆော့လို့မရမှာ စိတ်မပူပါနဲ့ ခင်မျ။ ကားပြိုင်မောင်းရင်း Star တွေကိုဆုရမှာဖြစ်ပါတယ်။ First ရအောင်မောင်းနိုင်လေ Star များများရလေဖြစ်ပါတယ်။ ကိုယ် Drift ဆွဲနိုင်ရင် ဆွဲနိုင်သလို Free Nitro ရမှာဖြစ်ပြီး ပထမဆုံးပန်းဝင်ဖို့ ပိုနည်းစပ်လေဖြစ်ပါတယ်။ သက်မှတ်ထားတဲ့ Star အရေအတွက်ရမှ အခန်းအသစ်တစ်ခုပွင့်မှာဖြစ်ပါတယ်။ First ဖြစ်ရင် Star အပြင် ပိုက်ဆံလည်းရပါသေးတယ်။ ရတဲ့ပိုက်ဆံတွေနဲ့ ကိုယ့်စိတ်ကြိုက် ကားအလန်းစားတွေဝယ်နိုင်မှာဖြစ်ပါတယ်။ ကဲ အဲ့လောက်ဆိုရင်တော့ ဂိမ်းအကြောင်းလည်းအကြမ်းဖျင်းသိလောက်ပြီလို့ ထင်ပါတယ်။ Asphalt 8: Airborne ကို Download ရယူချင်တယ်ဆိုရင်တော့

https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftA8HM&hl=en

https://itunes.apple.com/us/app/asphalt-8-airborne/id610391947?mt=8

တို့မှာ Download လုပ်နိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password