ငွေအမြောက်အမြားကို အချိန်တိုတိုနဲ့ နည်းပေါင်းစုံသုံးရှာရတဲ့ AdVenture Capitalist!

မိတ်ဆွေတို့မှာငွေအမြောက်အမြားရှာချင်ပြီးကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတည်ဆောက်လိုသောအိမ်မက်ရှိပါသလား ? ရှိတယ်ဆိုရင် တော့ဒီဂိမ်းကို အခုပဲဆော့ဖို့အကြံပေးပါရစေ။

ဒီဂိမ်းဟာတော့နိုင်ငံတွေအားလုံးကစီးပွားရေးလုပ်ငန်းတွေကိုတစ်စုတစ်စည်းဖြစ်အောင်ဖန်တီးပြီးမိမိကိုယ်ပိုင်ဖြစ်အောင်တည်ထောင်ရမှာပဲ ဖြစ်ပါတယ်။ အရင်းရှင်စီးပွားရေးစနစ်လိုပါပဲ။

                   

မိတ်ဆွေတို့ဆော့ရမယ့်နေရာကအငြင်းအလွန်သန်တဲ့ Eagerဆိုတဲ့ငယ်ရွယ်တဲ့ရင်းနှီးမြုပ်နှံသူနေရာကစရမှာပဲဖြစ်ပါတယ်။ နိုင်ငံတွေအားလုံးရဲ့စီးပွားရေးလုပ်ငန်းကိုခြယ်လှယ်ဖို့စစချင်းမိတ်ဆွေတို့ကသံပုရာခြံမှာစတင်ရင်းနှီးမြုပ်နှံရမှာပါ။ Lemonade ဆိုတဲ့ ခလုပ်လေးကိုထပ်ခါထပ်ခါနှပ်ပြီး ပိုက်ဆံစရှာရမှာဘဲဖြစ်ပါတယ်။ အဲ့ဒီကနေ အာကာသပေါ်အထိသွားရောက်ပြီးအမြတ်ရအောင် ကြိုးပမ်းတာကိုလည်း တွေမြင်ရမှာပါ။နောက်ပိုင်းလုပ်ငန်းတွေအလွန်များလာမှာမို့လုပ်သားတွေငှားရမ်းရတာကိုလည်းမိတ်ဆွေတို့ကြုံလာရမှာပါ။ အရင်းရှင်နည်းနည်းဆန်ပေမယ့် အမြတ်ရတဲ့အလုပ်ဆိုဘာမဆိုလုပ်တာကြောင့်မိတ်ဆွေတို့လုပ်ငန်းအတွေ့အကြုံလည်းရရှိမှာဖြစ်ပါတယ်။ ဂိမ်းတစ်မျိုးတည်းမှာ အမျိုးအစားစုံစုံလင်လင်ဆော့ရတာကြောင့်မိတ်ဆွေတို့အတွက်ဆော့ရတာလည်းတန်ပါတယ်။

စျေးကွက်တွေကိုထိုးဖောက်ခြယ်လှယ်ပြီးအမြတ်ရအောင်ကြိုးပမ်းရတာကြောင့်Strategy သုံးရတဲ့ဂိမ်းလေးဖြစ်ပါတယ်။

Online ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တာကြောင့် Mobile Player များအားသတင်းပေးပါရစေ။

 

Image Source:

https://play.google.com/store/apps/details?id=com.kongregate.mobile.adventurecapitalist.google&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password