ကစားသူများသောM.O.G ဂိမ်းများ

မြန်မာနိုင်ငံရဲ့ ယခုလက်ရှိ လူကြိုက်များရေပန်းအစားဆုံးအွန်လိုင်းမိုဘိုင်းဂိမ်းအဖြစ် Mobile Legends အားတွေ့မြင်နိုင်လေသည်။ပြီးခဲ့သောနှစ်အထိ နံပါတ်တစ် ရေပန်းအစားဆုံးဂိမ်းအဖြစ် COC,Pokemon Go တို့မှရပ်တည်ခဲ့သော်လည်းထိုဂိမ်းများအလွန်တွင်တော့ ယခုတဖန် Mobile Legendsမှာရေပန်းစား အဟော့ဆုံး ဂိမ်းတစ်ခုဖြစ်လာပြန်ကာ ဂိမ်းကစားနေသူများကို နေရာအတော်များများတွင် တွေ့နိုင်ပါသည်။

ဂိမ်းတည်ဆောက်ပုံ ကစားပုံမှာ Dota ကစားဖူးသူဖြစ်ပါက အလွယ်တကူ ကစားနိုင်သော ဂိမ်းဖြစ်ကာ တစ်သင်း၌ကစားသူငါးယောက်ပါ၀င်သောအသင်း နှစ်သင်းမှ သူ့Tower ကိုယ့်Towerအားအပြိုင်ချိုးရသော ကစားပုံဖြစ်ပြီး ထိုအတွက်ကိုင်တွယ်အသုံးပြုနိုင်သော Heroes များမှာလည်း အတော်အတန်ဆုံလင်ကာ Hero အမျိုးအစားများ spell များ ဗျူဟာများမှာ မိုဘိုင်းဂိမ်းတစ်ခုအနေဖြင့် အလွန်ပင်ကျေနပ်ဖွယ်ကောင်းအောင်စုံလင်ကာစိတ်၀င်စားဖွယ်ကောင်းပါသည်။ကစားရင်းကစားရင်းဖြင့် မိမိ၏player level အားမြှင့်တင်နိုင်ပြီး မိမိသူငယ်ချင်းများကို ဖိတ်ခေါ်ကာ ကလန်(Group)ထောင်နိုင်လေသည်။ထိုမှတဆင့် Group ပွဲများပြုလုပ်ကာအခြားGroup များနှင့်ဆော့ကစားနိုင်ပြီး အခြားသူများကစားထားသော ပွဲများကိုလည်းReplay ပြန်လည်ကြည့်ရှုနိုင်လေသည်။ဂိမ်းကစားသူအများအပြား စိတ်ကြိုက်တွေ့ရေပန်းစားနေရာ မကစားဖူးသေးသူဆိုပါက ကစားကြည့်ရန် တိုက်တွန်းလိုသော ဂိမ်းဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

(source https://www.nianticlabs.com/blog/)

ထိုဂိမ်းကစားနိုင်ရန် Download အတွင် Game Website Linkအားဖော်ပြပေးလိုက်ပါသည်။ ထို့အတူအဟော့ဆုံးဂိမ်းများဖြစ်ခဲ့သော Clash of Clans ,Pokemon GO၏ လင့်များကိုလည်းဖော်ပြပေးလိုက်ပါသည်။

1. Mobile Legends

http://www.mobilelegends.com
2. Clash of Clans COC

https://clashofclans.com
3. Pokemon GO

http://www.pokemongo.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password