ကစားရန်အဆင်ပြေပြီး လူကြိုက်များရေပန်းစားသောCandy Crush Saga

King (Game Company )၏အလွန် အောင်မြင်ခေတ်စားသောဂိမ်းဖြစ်ကာ မြန်မာနိုင်ငံတွင်လည်းဆော့ကစားသူ အတော်များများရှိပါသည်။အထူးသဖြင့် မိန်းကလေးများ၏ အသည်းစွဲဂိမ်းဟု ဆိုနိုင်လောက်အောင် ဆော့ကစားသူမိန်းကလေး အတော်ပေါများပါသည်။

Candy Crush Saga သည်အခမဲ့ Download ဆွဲယူကာ ကစားနိုင်သောဂိမ်းဖြစ်သော်လည်း ဂိမ်းကစားချိန်တွင်မူ အကွက်ပိုရွှေ့နိုင်မှု အသက် များအတွက် (၀ယ်ယူလိုပါက) ပိုက်ဆံပေးချေရသောဂိမ်းဖြစ်ပါသည်။

ထိုကဲ့သို့ဂိမ်းမှ မြင့်မားသော ၀င်ငွေများရရှိနေသော်လည်း ထိုဂိမ်းဆော့ကစားသူ များအနက် နောက်ဆုံးLevel ထိရောက်အောင်ဆော့ကစားနိုင်သူများအတွင်းတွင်ပင် 70ရာခိုင်နှုန်းသည် ဂိမ်းLevel တက်နိုင်ရန် အကွက်ပိုရရန် ပိုက်ဆံအသုံးမပြုကြကြောင်းသိရသည်။

Candy Crush ဂိမ်းမှာ ဆော့ကစားရန်အတွက် လွယ်ကူသော်လည်း ကျွမ်းကျင်အဆင့်ရောက်ရန် Game Level မြင့်ရန်အတွက်ခက်ခဲပြီး အဆင်ပြေပြေလွယ်လွယ်ကူကူ ဆော့ကစားနိုင်သော စိတ်၀င်စားဖွယ်ဂိမ်းဖြစ်ပါသည်။တစ်စုံတစ်ယောက်အား စောင့်ဆိုင်းရန်အတွက်ပဲဖြစ်ဖြစ် အပျင်းပြေအချိန်အနည်းငယ်ဖြုန်းရန်အတွက် ကစားကြည့်ရန် အကြံပေးလိုသေားဂိမ်းဖြစ်ပါသည်။

 

(from official site)

Candy Crush Saga အား ဒေါင်းလုပ်ဆွဲနိုင်ရန် ဒေါင်လုပ်လင့်အတွက် Home Page Linkကို ဖော်ပြပေးလိုက်ပါသည်။
http://candycrushsaga.com/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password