News

Upcoming Star Wars ဂိမ်းနှစ်ခုကို Disney နဲ့ တွဲပြီး ဖန်တီးနေတဲ့ Zynga

Star Wars မိုလ်ဘိုင်းဂိမ်းတွေထွက်ရှိထားတာ လုံလုံလောက်လောက်ဖြစ်နေတဲ့အချိန်မှာ Zynga က Star Wars မိုလ်ဘိုင်း ၂ခုကို ထပ်မံထုတ်လုပ်ဖို့အတွက်ကို ကြေညာလိုက်ပြန်ပါပြီ။ အဲ့ ၂ ခုထဲမှာ အနည်းဆုံးတစ်ခုက RPG ဖြစ်မယ်လို့ကြားပါတယ်။ ဒီသတင်းဟာ Zynga နဲ့ Disney လက်တွဲလိုက်ပြီဆိုတဲ့ သတင်းအပြီးမှာ ထွက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် Zynga ဟာ Star Wars game တွေကို မိုလ်ဘိုင်းအတွက် ထွက်ရှိဖို့ ခွင့်ပြုချက် ရရှိသွားပါပြီ။ EA ကတော့ PC နဲ့ console အတွက် လိုင်စင်ရရှိထားဆဲပါ။

Upcoming game နှစ်ခုအတွက် Zynga ဟာ ဂရုတစိုက်လုပ်ဆောင်နေပြီး ဂိမ်း ပုံစံ အသေးစိတ်ကိုလည်း သေသေချာချာ ဖန်တီးနေတယ်လို့သိရပါတယ်။ ဂိမ်းနှစ်ခုအကြောင်းကိုတော့ အခုချိန်မှာ သေသေချာချာ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် နောက်ထပ်ထွက်လာမယ့် Star Wars ဂိမ်းနှစ်ခုရဲ့ အကြောင်း အသေးစိတ်ကိုတော့ သတင်းရတာနဲ့ ထပ်မံဖော်ပြပေးသွားပါမယ်နော်။

ရောက်လာမယ့် Upcoming ဂိမ်းနှစ်ခုက Disney နဲ့ လက်တွဲပြီထုတ်လုပ်မယ့် ဂိမ်းတွေဖြစ်တာကြောင့် သူနဲ့ပုံစံတူ ဂိမ်းကို ကြည့်ချင်တယ်ဆိုရင် အရင်က ထွက်ရှိထားဖူးတဲ့ Star Wars: Commander ထဲကို ဝင်ရောက် လေ့လာနိုင်ပါတယ်။ ပုံစံ ချွတ်စွတ်ကြီးမတူရင်တောင် နည်းနည်းလောက်တော့ တူညီတဲ့ အချက်လေးတွေပါနေမှာပါ။ Star Wars: Commander ရဲ့ နမူနာ ဗီဒီယိုကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

Star Wars: Commander – Android/ iOS

ရောက်လာတော့မယ့် Upcoming ဂိမ်းနှစ်ခုအတွက် Star Wars ပရိသတ်တွေကတော့ စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်။ ဘယ်လိုလဲ… စိတ်ဝင်စားကြရဲ့လား Star Wars fan တို့ရေ…??? 😎)

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password