Reviews

Zombie တွေနေရာကပြေးလွှားပြီးလူတွေကိုလိုက်စားရမယ့် Zombie Tsunami!

မြို့ကြီးထဲမှာ Zombie တွေသောင်းကျန်းရာကစတာပါ။ စိတ်မကောင်းစရာကအဲ့ဒီမြို့မှာ Zombie တွေကိုတားဆီးဖို့ Hero ဆိုတာမျိုးမရှိပါဘူး။ Zombie တွေသောင်းကြမ်းမှုကမြို့တွင်းမှာ ရုတ်တရက်ဖြစ်ပေါ်တာကြောင့်လူတွေလည်းရှောင်တိမ်းချိန်မရလိုက်ပါဘူး။ အဆိုးဆုံးအချက်က Zombie ကိုက်ခံရတဲ့လူက Zombie ဖြစ်သွားတာပါ။ အဲ့လိုနဲ့တဖြည်းဖြည်း Zombie တွေများလာပြီးသောင်းကြမ်းမှုကပိုပိုဆိုးလာမှာပါ။ မိတ်ဆွေဘက်ကတော့စိတ်ပူစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေက အဲ့လိုအခြေအနေတွေဖြစ်အောင်ဖန်တီးတဲ့ Zombie တစ်ကောင်နေရာကဆော့ရမှာကြောင့်ပါ။ မိတ်ဆွေရဲ့ Character ကလည်းအစကလူတစ်ယောက်ပါပဲ။ Zombie ကိုက်ခံရပြီး Zombie ဖြစ်သွားတာပါ။

Zombie တွေဆိုလို့မလန့်သွားပါနဲ့။ ဘာလို့လဲဆိုတော့ Zombie လို့သာနာမည်တပ်ထားတာ ရုပ်တွေက Zombie တွေနဲ့ကိုမတူတာကြောင့်ပါ။ Zombie တွေထက်ဂြိုဟ်သားလေးတွေနဲ့ပိုတူနေတာကိုတွေ့ရမှာပါ။  တစ်ကိုယ်လုံးအစိမ်းရောင်ဖြစ်နေပြီး ခေါင်းလေးတွေကမညီမညာတဲ့အပြင်မျက်လုံးလည်းပြူးနေတဲ့ Zombie လိုလို ဂြိုလ်သားလိုလိုကောင်တွေနဲ့မိတ်ဆွေဒီဂိမ်းမှာတွေ့နေရမှာပါ။

ဆော့ရမှာကတော့ရိုးရှင်းလွယ်ကူပါတယ်။ မိတ်ဆွေရဲ့ Character ဖြစ်တဲ့ Zombie ကလမ်းတစ်လျှောက်ရှေ့ကိုဆက်တိုက်သွားနေမှာပါ။ မိတ်ဆွေရဲ့ Zombie လေးကအရှေ့ကိုပဲတောက်လျောက်ပြေးနေမှာပါ။ ဒါပေမယ့် လမ်းတစ်လျောက်ကအရာဝတ္ထုတွေ၊ လမ်းနှစ်လမ်းကြားတွေကိုခုန်သွား၊ ရှောင်သွားမှာမဟုတ်ပါဘူး။ အဲ့ဒါကိုမိတ်ဆွေကခလုတ်နှိပ်ပြီးရှောင်ပေးရမှာပါ။ ပြီးတော့မိတ်ဆွေကလမ်းတစ်လျောက်မှာရှိတဲ့လူတွေကိုလိုက်စားရမှာပါ။ လူတွေစားလိုက်ရင်အဲ့လူတွေကမိတ်ဆွေလိုပဲ Zombie ဖြစ်သွားမှာပါ။ အဲ့ဒီလူတွေZombie ဖြစ်သွားရင်တော့မိတ်ဆွေဘက်ကဖြစ်သွားပြီး မိတ်ဆွေအနောက် ကမြို့ကိုဖျက်ဆီးဖို့လိုက်လာမှာပါ။ မိတ်ဆွေကလူ 10 ယောက်စားနိုင်ရင် အဲ့လူတွေ Zombie ဖြစ်ပြီး Zombie 10 ကောင်မိတ်ဆွေနောက်ကပါလာမှာဖြစ်ပါတယ်။ အဲ့လိုအခြေအနေရောက်ရင်ကောင်းပေမယ့် လမ်းနှစ်ခုခြားနေတဲ့နေရာမှာခုန်တာတို့၊ အရာဝတ္ထုတွေကိုရှောင်တဲ့နေရာတို့မှာ နည်းနည်းတော့ဒုက္ခရောက်ပါတယ်။ အဲ့ဒီဂိမ်းဆော့တာကြာတဲ့လူ (သို့) ဆော့တာကျွမ်းတဲ့လူတွေအတွက်တော့ No problem ပါပဲ။ ဒီဂိမ်းဆော့ဖို့ ကလက်တစ်ချောင်းရှိရင်ကိုလုံလောက်ပါပြီ။ Endless ဂိမ်းလေးပါ။ Endless ဂိမ်းဖြစ်တာကြောင့်သွားနိုင်တဲ့ခရီးအတိုင်းအတာနဲ့ Score တွေကိုတွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မိတ်ဆွေကတခြား endless ဂိမ်းတွေလိုပဲ မိမိရဲ့ Best Score ထက်ကျော်အောင်ဆော့နေရမှာပဲဖြစ်ပါတယ်။

                                              

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Zombie လေးကို ဦးထုပ်၊ Shirt အစရှိတာတွေကို Coin နဲ့ဝယ်ပြီး အလှဆင်နိုင်ပါတယ်။ Coin တွေကမိတ်ဆွေသွားရာလမ်းတလျောက်မှာရှိနေမှာပါ။ အဲ့ဒါတွေကိုလိုက်စားခြင်းဖြင့်မိတ်ဆွေ Coin တွေရရှိနိုင်ပါတယ်။ ဒါ့အပြင်လမ်းတစ်လျှောက်မှာ Special Power တွေလည်းပေးထားပါတယ်။ Tsunami ကြီးပေါ်တက်စီးပြီးလူတွေစား၊ မြို့ကိုဖျက်ဆီးတာတို့၊ အပေါ်မှာ Zombie မျက်လုံးကြီးပေါ်လာပြီး Laser နဲ့ပစ်တာတို့ စတာတွေအပါအဝင် Special Power မျိုးစုံကိုတွေ့ရမှာပါ။ Power Type တွေကများတာကြောင့်တစ်ခုချင်းစီမပြောတော့တာပါ။ ဒီဂိမ်းမှာမိတ်ဆွေက Mission ပေါင်း 300 ကျော်လောက်ကိုဆော့ရမှာပါ။ လေယာဥ်ကြီးတွေနဲ့လည်း 11 နေရာလောက်သွားနိုင်ဦးမှာဖြစ်ပါတယ်။

မိတ်ဆွေ အားနေတဲ့အချိန်မှာပေါ့ပေါ့ပါးပါးဂိမ်းလေးဆော့ချင်တယ်ဆိုရင်တော့ဒီဂိမ်းကိုဆော့ကြည့်ဖို့အကြံပေးပါရစေ။Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တာပြီး Zombie လိုလို ဂြိဟ်သားလိုလိုထူးဆန်းတဲ့အကောင်လေးတွေနေရာမှာဆော့ရမှာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=net.mobigame.zombietsunami&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: