ရိုးရှင်းတဲ့ Strategy ဂိမ်းလေးတစ်ခုဖြစ်တဲ့ Zombie Tower Shooting Defense

ရဲတိုက်ကြီးထဲကို Zombie တွေမဝင်သွားအောင် ကာကွယ်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေတားဆီးရမှာက သာမန်လူဆိုးမဟုတ်ဘဲ Zombie တွေဖြစ်နေတာကြောင့် ကြီးမားတဲ့လက်နက်တွေရှိမှအဆင်ပြေမှာပါ။ ဒီဂိမ်းမှာတော့ မိတ်ဆွေကို အမြောက်၊ နဂါးမီး၊ မိုးကြိုးတိမ်လွှာ၊ ရေခဲတိုင် စတဲ့ လက်နက်အကြီး ၄ ခုပေးထားတာကိုတွေ့ရမှာပါ။ လက်နက် ၄ ခုပေးထားပေမယ့် စစချင်းမှာ အမြောက် လက်နက်သာ Unlock ဖြစ်နေမှာဖြစ်ပြီး အခြားလက်နက်တွေက တော့နောက်ပိုင်း Level တွေမှ Unlock ဖြစ်သွားမှာပါ။

အမြောက် – Zombie တွေကိုပစ်နိုင်တဲ့ Area အကျယ်အဝန်းကကျယ်ပြန့်နေမှာဖြစ်ပြီး Damage ကတော့ အနည်းငယ်သာရှိပါတယ်။

နဂါးမီး – အခေါင်းဝတစ်ခုထဲကနဂါးခေါင်းကြီးထွက်လာပြီး Zombie တွေကို မီးမှုတ်မှာဖြစ်ပါတယ်။ ပစ်နိုင်တဲ့ Area ကကျဉ်းပြီး ထိရောက်တဲ့ Damage ကတော့များပါတယ်။

မိုးကြိုးတိမ်လွှာ – ပစ်နိုင်တဲ့အကျယ်အဝန်း ကျဉ်းပြီးထိရောက်တဲ့ Damage နည်းတာကိုတွေ့ရမှာပါ။ ထူးခြားတာက Single Target မဟုတ်ဘဲ Multi-Target ဖြစ်တာကြောင့် Zombie အရေအတွက်အများကြီးကိုရှင်းဖို့ တော်တော်ထိရောက်ပါတယ်။

ရေခဲတိုင် – ပစ်နိုင်တဲ့ Area ကကျဉ်းပြီး Zombie တွေကိုရေခဲဖြစ်အောင်ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ Damage သက်ရောက်မှုကတော့ Zero ပါ။

 

 

အပေါ်မှာဖော်ပြထားတာကတော့ လက်နက်တစ်ခုချင်းစီရဲ့ Ability တွေပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာ Level တွေက ၁၂ ခုသာပါဝင်တာကြောင့် Level ပါဝင်မှုကတော့ နည်းပါတယ်။ Level အရေအတွက်နည်း လို့ လွယ်လွယ်ကူကူဆော့ရမယ်လို့မိတ်ဆွေ ထင်နေရင်တော့လွဲသွားပါလိမ့်မယ်။ ပထမဆုံး Level တစ်ခုကသာ မိတ်ဆွေကိုဆော့ပုံဆော့နည်းတွေ သင်ပြပေးမှာဖြစ်ပြီး နောက်ပိုင်း Level တွေမှာတော့  Zombie ပြဿနာကို မိတ်ဆွေကိုယ်တိုင် ဖြေရှင်းရမှာပါ။ Zombie တွေရဲ့အရေအတွက်ကလည်းများပြားလာမှာဖြစ်တာကြောင့် ပိုမိုခက်ခဲလာမှာတော့သေချာပါတယ်။

 

 

Level တစ်ခုချင်းစီမှာ မိတ်ဆွေအနေနဲ့ အသက် ၂၀ ခုရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေမတားလိုက်နိုင်လို့ Zombie တစ်ကောင် ရဲတိုက်ကိုဝင်သွားတိုင်း မိတ်ဆွေရဲ့အသက်တစ်ခုလျှော့သွားမှာဖြစ်ပါတယ်။ Level တစ်ခုမှာအနည်းဆုံး Wave ၈ ခုပါဝင်တာကိုတွေ့ရမှာပါ။ Wave တစ်ခုမှာ Zombie အုပ်တစ်အုပ် ထွက်လာမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Wave မှာမိတ်ဆွေကို ပေးထားတဲ့အသက်မကုန်မှသာ နောက် Level တစ်ခုရောက်ရှိမှာဖြစ်ပါတယ်။

 

 

Zombie အမျိုးအစား ၇ မျိုးရှိတာကိုတွေ့ရမှာပါ။ မြန်နှုန်း နဲ့ ခံနိုင်ရည်အားကိုလိုက်ပြီး Zombie အမျိုးအစားတွေက ကွဲသွားမှာဖြစ်ပါတယ်။ လက်နက်တစ်ခုချင်းကို Damage ပိုကြမ်းလာအောင် Upgrade လုပ်နိုင်မှာလည်းဖြစ်ပါတယ်။  ဒါ့အပြင် မိတ်ဆွေလက်နက်တွေနဲ့ ပစ်နေရင်း လွတ်သွားတဲ့ Zombie တွေကိုသတ်ဖို့ ဗုံး လည်းရှိပါသေးတယ်။ ဗုံးကိုအသုံးပြုရင် Map တစ်ခုလုံးမှာရှိတဲ့ Zombie တွေအားလုံး RIP ဖြစ်သွားမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ရဲတိုက်ကိုဒီထက်ပိုပြီး လုံခြုံချင်တယ်ဆိုရင် ခွေးဘီလူးတစ်ကောင်လည်း ရဲတိုက်မှာထားနိုင်ပါသေးတယ်။ အဲ့ဒီခွေးကတော့ ဝင်လာသမျှ Zombie တွေကို ကိုက်သတ်မှာပဲဖြစ်ပါတယ်။

IOS Platform မှာသာကစားနိုင်မှာဖြစ်ပါတယ်။ Free To Play ပါ။ Free To Play ဆိုပေမဲ့ ခွေးကိုအစောင့်အနေနဲ့ထားချင်တာတို့၊ ဗုံးကုန်သွားလို့ဝယ်ချင်တာတို့ ဆိုရင်တော့ တကယ့်ပိုက်ဆံနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ ဆော့ရတာအဆင်ပြေတဲ့ Strategy ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Zombie Tower Shooting Defense 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password