ကားတစ်စီးနဲ့ Zombie တွေလက်ကလွတ်အောင်ပြေးရမယ့်Zombie Highway!

ဒီဂိမ်းဟာ တခြား Zombie ဂိမ်းတွေလို သေနတ်ပစ်ပြီး Zombie တွေကိုလိုက်ရှင်းရမှာမဟုတ်ဘဲ Zombie တွေလက်ကနေ ကားတစ်စီးနဲ့ လွတ်အောင်ပြေးရမှာဖြစ်ပါတယ်။

Zombie တွေက အနောက်ကလိုက်လာမှာမဟုတ်ပါဘူး၊ လမ်းတလျှောက်မှာအများကြီးရှိနေမှာပါ။ အဲ့ဒီလမ်းတစ်လျှောက်မှာရှိတဲ့ Zombie တွေက အစကတော့ငြိမ်နေပေမဲ့ မိတ်ဆွေ ကားဖြတ်လာတဲ့အခါမှာ မိတ်ဆွေကားပေါ်ကိုခုန်ပြီးတက်လာမှာဖြစ်ပါတယ်။ ခုန်လာပြီးကားပေါ်ရောက်လာပြီဆိုရင် ဒီအတိုင်းငြိမ်ငြိမ်နေမှာတော့မဟုတ်ပါဘူး။ မိတ်ဆွေရဲ့ကားကိုမှောက်အောင်ဆွဲဆောင့်မှာပါ။ အဲ့တော့ Zombie တွေမိတ်ဆွေရဲ့ကားပေါ်ကိုရောက်ရှိရင်တော့ မိတ်ဆွေက အဲ့ဒီ Zombie တွေကိုသတ်မှဖြစ်မှာပါ။ မသတ်ရင်တော့ Zombie တွေကမိတ်ဆွေရဲ့ကားကို ဆွဲဆောင့်မှုကြောင့် မိတ်ဆွေရဲ့ကားမှောက်ပြီး Game Over သွားမှာမလို့ပါ။ လမ်းတလျှောက်ရဲ့ဘေးတွေမှာ အရာဝတ္တု တွေရှိနေမှာပါ။ မိတ်ဆွေရဲ့ကားနဲ့ အရာဝတ္တုတွေကိုတိုက်ပြီး မိမိကားပေါ်မှာတွယ်ကပ်နေတဲ့ Zombie တွေကိုသတ်ရမှာပါ။ အတိုက်မတော်ရင် မိတ်ဆွေရဲ့ကားလည်း အဲ့ဒီအရာဝတ္တုတွေနဲ့တိုက်မိပြီး Game Over မှာဖြစ်လို့ သတိထားပြီးတော့တိုက်ရမှာပါ။

Level တွေလည်းအများကြီးပါဝင်ပါတယ်။ Level တွေအနေနဲ့ကတော့ Classic, No Weapons, The Mist, Less Traveled, Hardcore, Frost Bite, Swamped, Infinite Ice ဆိုပြီးရှိပါတယ်။ Classic အောင်ပြီးမှ No Weapons, No Weapons အောင်ပြီးမှ The Mist အဲ့လိုမျိုးတစ်ဆင့်အောင်ပြီးမှ နောက်တစ်ဆင့် ဆော့နိုင်မှာဖြစ်ပါတယ်။ Level တစ်ခုချင်းစီမှာ မိုင်နှုန်းတွေသတ်မှတ်ထားပါတယ်။ အဲ့ဒီသတ်မှတ်ထားတဲ့မိုင်နှုန်းအထိသွားနိုင်မှ နောက် Level တစ်ခုကိုဆက်ဆော့နိုင်မှာဖြစ်ပါတယ်။

ဂိမ်းစစချင်းမှာထဲက မိတ်ဆွေကိုကားတစ်စီးပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေကအဲ့ဒီပေးထားတဲ့ကားကိုမကြိုက်ရင် တော့ Customize လုပ်ပေးထားတဲ့ ကားတွေထဲကကြိုက်ရာကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ပေးထားတဲ့ကားအပြင် The General, XQ Turbo, The Beast စတဲ့ကားတွေရှိနေမှာပါ။ အဲ့ဒီကားတွေကို unlock လုပ်ဖို့ In-game ပိုက်ဆံရော၊ တကယ့်ပိုက်ဆံရော မလိုအပ်ပါဘူး။ မိတ်ဆွေသွားထားတဲ့ခရီးမိုင်ပဲလိုတာပါ။ ကားတွေအကုန်လုံးမှာ ခရီးမိုင်တွေကသတ်မှတ်ပြီးသားပါ။ အဲ့ဒီသတ်မှတ်ထားတဲ့ ခရီးမိုင်အထိရောက်အောင် ဆော့ပြီးမှ Customize လုပ်ထားတဲ့ ကားစီးတွေနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သေနတ်တွေလည်းအများအပြားရှိပါသေးတယ်။ သေနတ်တွေကိုလည်းကားတွေလိုပဲ ခရီးမိုင်အပေါ်လိုက်ပြီး ရယူနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဒီဂိမ်းက များများဆော့လေ၊ များများ အခွင့်အရေးရရှိလေဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS platform နှစ်မျိုးမှာဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Zombie တွေလက်ကလွတ်အောင်သည်းထိတ်ရင်ဖို ဆော့ရမယ့်ဂိမ်းဖြစ်ပြီး Zombie Fan တွေအကြိုက်တွေ့မယ်ဂိမ်းလေးဖြစ်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.auxbrain.zombie_highway

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password