သည်းထိတ်ရင်ဖို ဆော့ရမယ့် Zombie Gunship Survival

သည်းထိတ်ရင်ဖိုဂိမ်းဖြစ်ဖို့ဆိုတာ 3D graphic အကောင်းစားတွေမလိုသလို ရှုပ်ထွေးတဲ့ gameplay တွေလည်းမလိုအပ်ဘူးဆိုတာကို Zombie Gunship ဂိမ်းတွေက သက်သေပြမှာ ဖြစ်ပါတယ်။ အခုခေတ် Horror ဂိမ်းတွေက Jump Scare တွေ ရေလိုသုံးပြီး ကစားသူတွေကို ကြောက်လန့်အောင် လုပ်နေကြတဲ့အချိန်မှာ Zombie Gunship Survival ကတော့ ဖြေးဖြေးချင်း ရွှေ့နေတဲ့ လေယာဉ်ပေါ်မှာ ထိုင်လိုက်ရမယ့်သင့်ကို ကြောက်စိတ်တွေ ဝင်လာအောင် ပြုလုပ်မှာပါ။ Zombie Gunship Survival ဆိုတာက ပထမ Zombie Gunship ဂိမ်းကို အဆင့်မြင့်တင် မွန်းမံထားတဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ ပထမဂိမ်းကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဂိမ်းကိုလည်း သဘောကျမှာပါ။

Zombie Gunship Survival မှာတော့ သင်ဟာ Zombie Apocalypse ကာလအတွင်းမှာ နောက်ဆုံးအသက်ရှင်ကျန်နေခဲ့သူတစ်ယောက်နေရာကနေ ဝင်ရောက်ဆော့ကစားရမှာ ဖြစ်ပါတယ်။ သင်ဟာ AC-130 စစ်လေယာဉ်ကြီးတစ်စင်းနဲ့ Zombie တွေလက်ထဲက ကိုယ်လွတ် ရုန်းထွက်ပြေးခဲ့ပေမယ့် Zombie တွေက နေရာအနှံ့ရှိနေကြပါတယ်။ ဒါကြောင့်သင်ဟာ နေရာကောင်းကောင်းတစ်ခုကို ရွေးချယ်ပြီး အဲဒီနေရာမှာ စခန်းဆောက်လုပ်နေထိုင်ဖို့ စီစဉ်ရမှာပါ။

သင့်ရဲ့စခန်းက အစပိုင်းမှာတော့ အပျက်အစီးပုံကြီးသာသာပါဘဲ။ သင့်စခန်းပတ်ဝန်းကျင်မှာလည်း Zombie တွေရှိတာမို့ သင့်စခန်းကို လုံခြုံအောင်ဆောက်လုပ်ဖို့က သင့်ရဲ့ အရေးအကြီးဆုံးတာဝန် ဖြစ်လာပါတယ်။ စခန်းကြီးကို ပြန်ပြင်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အနီးပတ်ဝန်းကျင်နေရာတွေက အဆောက်အအုံပျက်တွေကနေ လိုက်လံရှာဖွေယူရမှာပါ။ Zombie တွေကလည်း နေရာတကာမှာရှိတဲ့အတွက် ပစ္စည်းသွားကောက်တဲ့သူကို အကာအကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အဲဒီတာဝန်ကိုတော့ ကစားသူဖြစ်တဲ့ သင်က ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

 .         

သင့်ရဲ့တာဝန်ကတော့ AC-130 လေယာဉ်ကြီးပေါ်ကနေ မြေပြင်မှာတွေ့ရတဲ့ Zombie တွေကို သေနတ်တွေ အမြှောက်တွေနဲ့ ပစ်ခတ်ရမှာပါ။ မြေပြင်ပေါ်က သင့်ရဲ့အဖွဲ့သားတွေဆီကို Zombie တွေမရောက်ရှိအောင် ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ ပစ်ခတ်တဲ့နေရာမှာ သေနတ်တွေက Overheat ဖြစ်တတ်တဲ့အတွက် စိတ်တိုင်းကျပစ်ခတ်လို့လည်း မရပြန်ပါဘူး။ ဒါကြောင့် အရေးကြီးပစ်မှတ်တွေကို သတ်မှတ်ပြီး စနစ်တကျ ရှင်းလင်းရမှာ ဖြစ်ပါတယ်။ Zombie တွေကလည်း အမျိုးမျိုးပါဝင်တာမို့ လိုအပ်တဲ့ လက်နက်အမျိုးအစားကို တပ်ဆင်သွားဖို့ကလည်း အရေးကြီးပါသေးတယ်။ နောက်ပိုင်း mission တွေဟာ တော်တော်လေးကို ခက်လာတဲ့အတွက် မိမိရဲ့ လက်နက်တွေကို upgrade လုပ်မှ အဲဒီ mission တွေကို ကစားဖို့ အဆင်ပြေမှာပါ။ ဒါ့အပြင် သင့်ရဲ့စခန်းကို Zombie တွေ လာရောက်တိုက်ခိုက်တတ်သေးတဲ့အတွက် စခန်းကို ပိုမိုလုံခြုံအောင် တည်ဆောက်ရဦးမှာလည်း ဖြစ်ပါတယ်။

Zombie Gunship Survival မှာ လက်နက်တွေကိုတော့ mission တွေကနေရတဲ့ သေတ္တာတွေကနေ ရရှိမှာ ဖြစ်ပါတယ်။ သေတ္တာတွေဖွင့်ဖို့ကတော့ အချိန်တစ်ခုကြာအောင် စောင့်ရမှာပါ။ မြန်မြန်ဖွင့်ချင်ရင်ကတော့ Premium Currency တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ Free-to-Play ဂိမ်းတွေမှာ မြင်နေရကျ feature တွေပဲဖြစ်လို့ အထူးတလည် မဖော်ပြတော့ပါဘူး။ Shooter နဲ့ Survival genre ၂ မျိုးကို ပေါင်းစပ်ထားတဲ့ Zombie Gunship Survival ဟာ time killer အနေနဲ့ကစားဖို့ သင့်တော်တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Zombie တွေကို first/third-person view ကနေ ရင်ဆိုင်ရမှာမဟုတ်ပေမယ့် သင့်အဖွဲ့နားကို Zombie တွေချဉ်းကပ်လာတာနဲ့အမျှ ကြောက်လန့်စိတ်တွေ အလိုလိုဝင်လာပါလိမ့်မယ်။ ညမအိပ်နိုင်လောက်အောင် ခြောက်လန့်မှာမျိုးမဟုတ်ပေမယ့် ဆော့နေတဲ့အချိန်အတွင်းမှာတော့ Horror Game အရသာကို အပြည့်အဝပေးစွမ်းနိုင်မယ့် ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေကတော့ Play Store ရော Apple App Store ကနေပါ ရယူဆော့ကစားနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

Image Sources:

http://zombiegunshipsurvival.com/

https://itunes.apple.com/us/app/zombie-gunship-survival/id1019161597?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password