Zombie တွေကို ကိုယ်တိုင်ပစ်ခတ်နေရသလို ခံစားရစေမယ့် Zombie Gunship Revenant AR

Apple ရဲ့ iOS 11 နဲ့အတူ Augmented Reality (AR) ဂိမ်းတွေက App Store ပေါ်ကို အလုံးအရင်းနဲ့ ရောက်ရှိလာကြပါတယ်။ ဒါပေမယ့် ပထမဆုံးထွက်ရှိလာတဲ့ အသုတ်ဖြစ်တော့ Control ပိုင်းတွေက အရမ်းမချောမွေ့ကြသေးတာ များပါတယ်။ အဲဒီအထဲကမှ ဆော့ကစားရတာ တော်တော်အဆင်ပြေတဲ့ ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဂိမ်းရဲ့နာမည်ကတော့ Zombie Gunship Revenant ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ကစားနည်းဟာ အရှေ့က Zombie Gunship ဂိမ်းတွေနဲ့ အတူတူပဲ ဖြစ်တဲ့အတွက် ဒီ Series နဲ့ ရင်းနှီးနေသူတွေအတွက်ကတော့ ချက်ချင်းသဘောပေါက်သွားမှာပါ။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အနည်းငယ် ရှင်းပြပါမယ်။

 .         

ဒီဂိမ်းမှာ ကစားသူဟာ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေ၊ အမြှောက်တွေ အသုံးပြုပြီး မြေပြင်ပေါ်က Zombie တွေကို ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ Zombie တွေ သင့်စခန်းဆီမရောက်အောင် ကာကွယ်ပေးရမှာပါ။ AR ဂိမ်းဖြစ်သွားတော့ သင့်ရဲ့ ရဟတ်ယာဉ်ကို ထိန်းချုပ်နည်းက အရင်ကနဲ့ မတူတော့ပါဘူး။ အရင်ဂိမ်းတွေမှာဆိုရင် ရဟတ်ယာဉ်က အလိုအလျှောက် လှည့်ပတ်မောင်းနှင်နေပေမယ့် ဒီဂိမ်းမှာတော့ ရဟတ်ယာဉ်နေရာရွှေ့ဖို့ ကစားသူကိုယ်တိုင် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အားရပါးရဆော့ကစားချင်တယ်ဆိုရင် နေရာလွတ် ခပ်ကျယ်ကျယ်တစ်ခုမှာ ဆော့စားဖို့ အကြံပေးလိုပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ Zombie Gunship Revenant ရဲ့ Control ပိုင်းက အလွန်ချောမွေ့ပါတယ်။ ပစ်ခတ်ရတာရော Camera View ရွှေ့ရတာတွေပါ အကုန်လုံး အဆင်ပြေပါတယ်။ ဒါ့အပြင် Weapon Upgrade စနစ်ကလည်း အင်မတန်လွယ်ကူတဲ့အတွက် အဲဒီအပိုင်းနဲ့ပတ်သက်ပြီး ခေါင်းရှုပ်ခံစရာ မလိုပါဘူး။ Stage တွေကို တောက်လျှောက်ကစားသွားပြီး လက်နက်အသစ်တွေ လိုက်စုရုံပဲ ဖြစ်ပါတယ်။ Free to Play ဂိမ်းတစ်ခု ဖြစ်တဲ့အတွက် AR ဂိမ်းကောင်းကောင်းကို ရှာဖွေနေသူတွေအတွက် စမ်းဆော့ကြည့်ဖို့ သင့်တော်ပါတယ်။

ဘယ် Device တွေမှာ AR ဂိမ်းတွေ ဆော့ကစားလို့ရလည်းဆိုတာ သိချင်ရင်တော့ ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ Zombie Gunship Revenant ကို ရယူဆော့ကစားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်ရယူနိုင်ပါတယ်။ Gameplay ကို အရင်မြင်တွေ့လိုသူတွေကတော့ အောက်က video မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password