Mephisto virus ကြောင့် Zombie ဖြစ်လာတဲ့လူတွေကိုပစ်သတ်ရမယ့် Zombie Frontier 3-Shoot Target

Zombie ဂိမ်းတို့ရဲ့ထုံးစံအတိုင်းလမ်းတစ်လျှောက် တွေ့သမျှ Zombie တွေကိုပစ်သတ်ပြီး ရှင်သန်နေရမှာပဲဖြစ်ပါတယ်။ Zombie တွေကိုပစ်သတ်ရမဲ့ ဂိမ်းဖြစ်တာကြောင့်ဒီဂိမ်းမှာ မိတ်ဆွေရဲ့အဓိကလက်နက်ကတော့ သေနတ်ဖြစ်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေရဲ့ role ကရှင်သန်သူလည်းဖြစ်သလို Zombie တွေကိုလိုက်သတ်သူဆိုလည်းဟုတ်ပါတယ်။ အဲ့တော့မိတ်ဆွေက Zombie တွေကိုလည်းသတ်၊ ကိုယ့်ကိုမသေအောင်လည်းသတိထား နှစ်မျိုးလုံးမျှတအောင်ဆော့ရမှာဖြစ်ပါတယ်။

ရှင်သန်သူလူနည်းစုထဲမှာ မိတ်ဆွေကတစ်ယောက်အပါအဝင်ဖြစ်ပြီး Mephisto (Zombie Virus) ကြီးရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်ကြီးကိုရှာဖွေရမှာဖြစ်တာကြောင့် အဆုံးထိရှင်သန်ဖို့ လိုအပ်ပါတယ်။ အဆုံးထိရှင်သန်နိုင်မှသာလူသားမျိုးနွယ်ကို ပြန်လည်ကယ်တင်နိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေသွားရမဲ့ လမ်း၊ ပတ်ဝန်းကျင် တွေကလည်း ပျက်စီးယိုယွင်းပြီး ကြောက်စရာကောင်းနေတာကိုတွေ့ရမှာပါ။ ဒီဂိမ်းမှာ  ထူးခြားကောင်းမွန်တာပြပါဆိုရင် Graphics နဲ့ Sound System လို့ဖြေမိမှာပါ။ Player  တွေဆော့ရမဲ့ ပတ်ဝန်းကျင်နဲ့ ရန်သူဖြစ်တဲ့ Zombie တွေကို ပီပီပြင်ပြင်ဖြစ်အောင် 3D animation နဲ့ဖန်တီးပေးထားပြီး Sound System မှာလည်း Zombie တွေရဲ့အသံ၊ သေနတ်ပစ်သံ စတာတွေကိုသေသေချာချာကြားနေရအောင်ဖန်တီးပေးထားတာကြောင့် ဆော့ရတန်မှာတော့အသေအချာပါပဲ။ Endless ကြီးဆော့နေရမှာမဟုတ်ပဲ Mission တွေနဲ့ ဆော့ကစားသွားရမှာဖြစ်ပါတယ်။

 

 

Mission ၁၀၀  ကျော်ကိုဆော့ကစားသွားရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ရန်သူတွေဖြစ်တဲ့ Zombie အမျိုးအစားတွေလည်းစုံစုံလင်လင်ပါဝင်တာကိုတွေ့ရမှာပါ။ ဒါ့အပြင်နောက်ပိုင်း Mission တွေမှာ Zombie Boss အကောင်အကြီးစားတွေကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ Pistols, Assault Rifles, Shotguns, Sniper Rifles စတဲ့သေနတ်အမျိုးအစားများစွာလည်းပါဝင်ပါတယ်။

 

 

သေနတ်တစ်ခုချင်းစီ ကို Damage ပိုကြမ်းအောင်၊ ပစ်နိုင်တဲ့ Area ပိုကျယ်အောင်၊ ကျည်ဆံထွက်နှုန်းပိုကောင်းအောင် upgrade တွေလည်းလုပ်နိုင်မှာဖြစ်ပါတယ်။ သေနတ်တွေအပြင် ဗုံး၊ ဆေးအိပ်စတဲ့ အကူပစ္စည်းများစွာပါဝင်ပါသေးတယ်။ Zombie တွေကိုပစ်တဲ့အခါ Head Shot ပစ်နိုင်ရင်နိုင်ဖို့ Chance ပိုများပါတယ်။ ဘာလို့လဲဆိုတော့ Head Shot ပစ်လိုက်ရင် Zombie တွေတစ်ချက်တည်းတန်း သေသွားတာကြောင့်ပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး Zombie Shooting ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Zombie Frontier 3

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password