လက်တစ်ဖက်တည်းနဲ့လွတ်လွတ်လပ်လပ်အပျင်းပြေကစားနိုင်မယ့် ZigZag!

ပုံကြည့်ရင်တော့အရမ်းကြီးမဟုတ်ပေမယ့်တကယ်ဆော့ကြည့်ရင်ဘယ်လိုစွဲလို့စွဲသွားမှန်းကိုမသိတာပါ။ မိတ်ဆွေမယုံရင်ဆော့ကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ကိုယ်တွေ့မလို့ပြောတာပါ။ဒီဂိမ်းလေးကိုကျွန်တော့်သူငယ်ချင်း ကျွန်တော့်ကို Zapya App ကနေData အချို့ပေးရင်းကနေကျွန်တော့်ဖုန်းဆီမှားပို့မိရာကစဆော့ဖြစ်တာပါ။အစကဖုန်း Memory ကုန်တယ်ဆိုပြီးဖျက်မလို့ပါပဲ။ ပြန်ကြည့်တဲ့အချိန်ကအားလပ်ရက်ဖြစ်နေတာကြောင့်ရော၊ လုပ်စရာမရှိလို့ပျင်းနေတာကြောင့်ရော၊ အဲ့ဒီဂိမ်းကိုဆော့ကြည့်မယ်ဆိုပြီး ဆော့ဖြစ်သွားတာပါ။ ဂိမ်းကောင်းလေးပါပဲ။ ဒီဂိမ်းက Story Mode ၊ Fighting စတာတွေမပါပဲနဲ့ကိုကောင်းပါတယ်။ 2D animation နဲ့လုပ်ထားတာပါ။ ဆော့ရမယ့်ပုံစံကတော့အများကြီးတောင်ရှင်းပြစရာမလိုပါဘူး။ ဖုန်းဆိုဒ် ကြီးတယ်ဆိုရင်လက်နှစ်ဖက်၊ ဖုန်းဆိုဒ်သေးရင်တော့ လက်တစ်ဖက်နဲ့တင်လုံလောက်ပါတယ်။ လက်တစ်ဖက်ဆိုတာဖုန်းကိုကိုင်ဖို့ပါ။တကယ်လိုတာ လက်မတစ်ချောင်းပါပဲ။ ဂိမ်းထဲဝင်ရင် ဘောလုံးသေးသေးလေးတစ်လုံး နဲ့ ဘေးဘောင်မပါပဲကွေ့ကောက်နေတဲ့ လမ်းတွေကိုတွေ့ရမှာပါ။ မိတ်ဆွေတွေ့ ခဲ့တဲ့ဘောလုံးလေးကသူ့ဘာသာအရှေ့ကိုဆက်တိုက်သွားနေမှာပါ။

                                                               

လမ်းတွေကအကွေ့အကောက်တွေဖြစ်တာကြောင့်အဲ့ဒီဘောလုံးရှေ့တည့်တည့်ပဲသွားရင်တော့တစ်နေရာမှာပြုတ်ကျမှာပါ၊မိတ်ဆွေဆော့ရမှာကတော့အဲ့ဒီဘောလုံးလေးကိုပြုတ်မကျအောင်ထိန်းပေးရမှာဖြစ်ပါတယ်။ ထိန်းတာကလည်းအရမ်းကြီးတော့မခက်ပါဘူး။ ညာဘက်ကွေ့ရမယ့်ချိန်ညာကွေ့ပေးပြီး၊ ဘယ်ဘက်ကွေ့ရမယ့်ချိန်ဘယ်ကွေ့ပေးရုံပါပဲ။ပေါ့ပေါ့ပါးပါးလေးပါပဲ။

ခံစားမှုနှစ်မျိုးပေးနိုင်ပါတယ်။ ကွေ့ရမယ့်နေရာတွေမှာကြာလာရင်အသည်းယားလာမှာ နဲ့ ဘယ်ဘက်နဲ့ညာဘက်မှားကွေ့မိလို့ အသည်းပေါက်တာ တို့ကိုတော့အမှန်အကန်ခံစားရမှာပါ။ မိတ်ဆွေသွားရမယ့် ခရီးက Endless ပါပဲ။အဝေးကြီးရောက်လာရင် Score ပိုတက်ပြီးလမ်းတွေရဲ့အရောင်တွေလည်းပြောင်းလာမှာဖြစ်ပါတယ်။  ဒီဂိမ်းမှာမိတ်ဆွေပြိုင်ရမှာက ကိုယ်ရခဲ့တဲ့ Best Score (သို့) Zig Zag ဆော့တဲ့သူငယ်ချင်းတွေရဲ့ Score တွေနဲ့ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းဟာဆော့ရလွယ်တာကြောင့် အချိန်မရွေး၊ နေရာမရွေးဆော့နိုင်ပါတယ်။ ကျွန်တော် က Toilet ထဲဖုန်းယူသွားတဲ့လူဆိုတော့ Toilet ထဲမှာတောင်ဆော့ဖြစ်ပါတယ်။ မိတ်ဆွေက ဝန်ထမ်းဆိုရင်တော့ Break Time တွေမှာဆော့နိုင်သလို အလုပ်လုပ်ရင်းခေါင်းထူနေချိန်မှာလည်းခဏတဖြုတ်ဆော့ကစားနိုင်ပါတယ်။အလုပ်လုပ်ရင်းခဏဆော့မယ်ဆိုရင်လည်း Boss ရှိမရှိလည်းသတိထားဦးပေါ့နော့်။

Free To Play ပါ။ 120MB သာရှိပြီး Android နဲ့ IOS နှစ်မျိုးလုံးတွင်ကစားနိုင်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source:

https://play.google.com/store/apps/details?id=com.ketchapp.zigzaggame&hl=en

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password