Reviews

ZGirls 2 သို့မဟုတ် zombie များကိုခုခံခြင်း

ZGirls 2: Last One ဟာ sandbox online zombie survival ဂိမ်းတစ်မျိုးဖြစ်ပြီး Star Ring Game ဆိုတာကတော့Ltd. က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဂိမ်းရဲ့သဘောကတော့ တောထဲကနေ သဘာဝအရင်းအမြစ်တွေလိုက်စုဆောင်းရင်း မသေအောင် survive လုပ်ရတာမျိုးပါ။ လက်နက်တွေ၊ ခံတပ်တွေ၊ အကာအကွယ်တွေလုပ်ပြီး ရောက်လာမယ့် zombie တွေရော၊ တခြား player တွေရဲ့ရန်ကနေရော ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပါ။

ဒီဂိမ်းကတော့ 3D worldwide multiplayer ဂိမ်းဖြစ်ပါတယ်။ character ပုံစံတွေကတော့ အခုလူငယ်တွေကြားခေတ်စားနေတဲ့ anime character ပုံစံတွေပဲဖြစ်ပြီး ZGirl ဆိုတဲ့အတိုင်း မိန်းကလေး character နဲ့ပဲဆော့လို့ရမှာပါ။ ဂိမ်းရဲ့တစ်ခုတည်းသောဦးတည်ချက်ကတော့ zombie တွေနဲ့ဗြောင်းဆန်နေတဲ့ ကမ္ဘာကြီးထဲမှာ ကြာနိုင်သမျှကြာအောင်ရှင်သန်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အတွက်လိုအပ်တဲ့ စားစရာတွေ၊ ရင်းမြစ်တွေလိုက်ရှာ၊ zombie တွေကိုတိုက်ခိုက်ပြီး player အချင်းချင်းလည်းတိုက်ခိုက်နိုင်သလို တခြား player တွေနဲ့လည်း gang တွေထောင်ပြီး zombie တွေကိုအတူတူတိုက်ခိုက်နိုင်ပါသေးတယ်။ ဒါပေမယ့် player တစ်ယောက်ကိုသတ်လိုက်ရင် သူပိုင်ဆိုင်တာတွေအကုန်ရမှာမို့ gang member တွေကိုတော့ အရမ်းယုံလို့တော့မရပါဘူး။ သူများမလုပ်ခင် gang ထဲဝင်ပြီး gang member တွေကိုအပြုတ်ဖြုတ်၊ သူများစုထားသမျှဟာတွေကိုလည်း အပိုင်သိမ်းလို့ရပါသေးတယ်။

သူ့ရဲ့ နောက်ခံဇာတ်လမ်းလေးကလည်းသူများနဲ့မတူပါဘူး။ ၂၀၅၈ ခုနှစ်မှာ ကမ္ဘာစစ်ကြီးဖြစ်ပွားပြီးနောက်မှာတော့ လူအချင်းချင်းအယုံအကြည်မရှိတော့ပဲ ကိုယ့်တံခါးကိုယ်ပိတ်ကိုယ့်အိမ်ထဲကိုယ်နေတဲ့ဝါဒ နဲ့သာသီးသန့်နေကြပါတော့တယ်။ Paradise Group ဆိုတဲ့ Group တစ်ခုဟာ လူသားတွေရဲ့ အနာဂတ်ကိုပြောင်းလဲပေးဖို့ project တစ်ခုကိုစီစဉ်ပါတော့တယ်။ ဒီအစီအစဉ်ကတော့ Human Aid Project လို့ခေါ်ပြီး ပါဝင်သမျှလူတွေကို လူမနီးသူမနီးတဲ့ကျွန်းတွေကို တစ်ကိုယ်တည်းအကာကွယ်မပါပဲ လွှတ်လိုက်တဲ့ project ပါ။ ကျွန်းတွေမှာတော့ မတူညီတဲ့ မသေမျိုး monster တွေရှိပြီး ကိုယ့်ကိုယ်ကို အဲ့ဒီအကောင်တွေရန်ကလည်းကာကွယ်ရမှာဖြစ်သလို သဘာဝဘေးတွေကနေလည်း ကာကွယ်ရမှာပါ။ ဘာလို့အဲဒီလိုမျိုးလုပ်နေရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒဏ်တွေကိုကြံ့ကြံ့ခံပြီး နောက်ဆုံးတစ်ယောက်တည်းကျန်ခဲ့တဲ့ player ကသာ grand prize ဖြစ်တဲ့ လွတ်လပ်စွာပြန်လည်မွေးဖွားခွင့် ကိုရမှာမို့လို့ဖြစ်ပါတယ်။ ဒါကတော့ ZGirls 2 ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံဇာတ်လမ်းလေးပါ။

ဒီဂိမ်းလေးကိုဆော့ချင်တယ်ဆိုရင်တော့ အသက် ၁၆နှစ် နဲ့အထက်ဖြစ်ဖို့လိုပါတယ်။ Size ကတော့ 343 MB ရှိပြီး Andriod နဲ့ IOS နှစ်မျိုးလုံးမှာဆော့လို့ရနိုင်ပါတယ်။ Andriod Version 4 နဲ့ IOS 8.0 အထက်လိုပါတယ်။ Andriod အတွက်ကိုတော့ playstore မှာရနိုင်ပြီး IOS အတွက်ကတော့ iTune Store  မှာ download လုပ်လို့ရပါတယ်။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password