Reviews

အာကာသစခန်းတစ်ခုရဲ့ဆန်းကျယ်မှုတွေကိုရှာဖွေရမယ့် ZARYA – 1

အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဒီနေ့ရဲ့ review မှာတော့ပုံမှန်ဆော့နေကျဂိမ်းတွေနဲ့မတူပဲ ထူးခြားတဲ့ဂိမ်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနှစ်ပိုင်း mobile ဂိမ်းတွေမှာ ပစ်ရခတ်ရတဲ့ဂိမ်းတွေ၊ Moba တွေနဲ့ rpg တွေကနေရာယူလာကြပြီးအများစုကပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကစားကြရတာပါ။ အဲ့ဒီလိုပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေကြားကနေခဏတာအနားယူနိုင်ဖို့အတွက် ZARYA -1 ဆိုတဲ့ဂိမ်းလေးကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ZARYA – 1 ဂိမ်းကို Your Story Interactive ကနေထုတ်လုပ်ပေးထားတာဖြစ်ပြီး စိတ်လှုပ်ရှားမှုတွေအပြည့်ပေးစွမ်းနိုင်မယ့်ဂိမ်းမျိုးဖြစ်ပါတယ်။ တစ်ခုထူးခြားတာကသူ့ရဲ့ gameplay ပုံစံဟာလှုပ်ရှားမှုတွေအများကြီးပါဝင်မှာမဟုတ်ပဲ စာဖတ်တာ၊အမိန့်ပေးတာနဲ့ ရွေးချယ်မှုလုပ်ရတာလောက်ပဲပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုရွေးချယ်မှုလုပ်ရတာတွေက ဂိမ်းကိုပုံစံအမျိုးမျိုးနဲ့ အဆုံးသတ်စေမှာဖြစ်ပြီး ဂိမ်းရဲ့အဓိကဆွဲဆောင်မှုလည်းဖြစ်ပါတယ်။ဂိမ်းဟာ Pc ရဲ့ Steam ပေါ်မှာပါရှိပြီး review ကောင်းတွေ feedback ကောင်းတွေလည်းရရှိထားပါတယ်။

Gameplay ကတော့အာကသပေါ်ကိုစုံစမ်းမှုသွားလုပ်တဲ့အဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးရတဲ့နေရာကနေကစားရမှာဖြစ်ပါတယ်။ အမိန့်ပေးခန်းနဲ့စုံစမ်းရေးအဖွဲ့အပြန်အလှန်စာပို့တဲ့ပုံစံကစားရမှာဖြစ်ပြီးအဖွဲ့က ကြုံရတဲ့အခြေအနေတွေကို player ကဆုံးဖြတ်ချက်ချအမိန့်ပေးရမှာပါ။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့လိုက်ပြီး အဆုံးသတ်အမျိုးမျိုးရှိလာမှာဖြစ်ပြီး ကြောက်စရာကောင်းတာ၊ ရယ်ရတာ၊ ရွေးချယ်ရခက်တာ စတဲ့အခြေအနေပေါင်းများစွာတွေ့ကြုံရမှာဖြစ်ပါတယ်။ အဖွဲ့အနေနဲ့လမ်းမှာတွေ့ကြုံရသမျှတွေကိုတကယ်တွေ့ကြုံရသလိုဓာတ်ပုံတွေပါပို့ပေးနေမှာဖြစ်ပြီး စာချည်းသက်သက်ဆော့ကစားရမှာ မဟုတ်ပါဘူး။ အောက်က Video မှာ trailer ကြည့်နိုင်ပါတယ်။

Story ပိုင်းကိုအကျဉ်းချုံးပြောပြရရင်တော့….. ” 2021 ခုနှစ်မှာလူသားတွေဟာ လပေါ်ကနေ အချက်ပေးမှုတစ်ခုကိုရရှိခဲ့ပါတယ်။ အဲ့ဒီ့အချက်ပြမှုကိုစုံစမ်းဖို့အတွက်ရဲရင့်သူလေးယောက်ပါဝင်တဲ့အဖွဲ့တစ်ခုချက်ခြင်းစေလွှတ်ခဲ့ပါတယ်။ လပေါ်ကအချက်ပြကဘယ်သူပို့တာလဲ? ဘာကိုသွားစုံစမ်းရမှာလဲ? ဘာတွေဖြစ်လာမှာလဲ? ZARYA – 1 အာကာသစခန်းထဲမှာဘယ်လိုအရာတွေရှိနေမှာလဲ စတာတွေကိုတော့ဂိမ်းကိုအောက်က link မှာဒေါင်းယူပြီးကိုယ်တိုင်ဆော့ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အဖြေရှာနိုင်ပါပြီခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Download – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password