News

Android အတွက် Pre-register လုပ်လို့ရနေပြီဖြစ်တဲ့ Looney Tunes World of Mayhem

Scopely ဟာတော့ Warners Bros ကရဲ့ Animated Comic Character တွေကိုအခြေခံပြီး Looney Tunes World of Mayhem ဆိုတဲ့ ဂိမ်းကို Android အတွက်ပြုလုပ်လိုက်ပြီပဲဖြစ်ပါတယ်။ လက်ရှိ Android မှာက Development အဆင့်ပဲရှိသေးတာမို့ ကျွန်တော်တို့အနေနဲ့ Pre-register သာလုပ်ထားလို့ရဉီးမှာပါ။

Gameplay ပုံစံကတော့ စိတ်ဝင်စားစရာဗျ။ Looney Tunes Wolrd of Mayhem ဆိုတဲ့အတိုင်း Player အနေနဲ့ ကိုယ်ပိုင် Looney Tunes world တစ်ခုဖြစ်အောင်ဖန်တီးရမှာပါ။ ကိုယ့်ရဲ့ Base မှာ Camp တွေဆောက်ပြီး Bugs Bunny, Tweety အစရှိတဲ့ Looney Tunes ထဲက Character လေးတွေကို မိမိ base ရဲ့ Hero နေရာထားပြီး upgrade လုပ်တာတွေ၊ မရသေးတဲ့ Character တွေကို unlock လုပ်တာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ Base တည်ဆောက်ရမဲ့ အနေအထားပုံစံတွေက COC နဲ့ခပ်ဆင်ဆင်ဆိုပေမယ့် Battle ဖြစ်တဲ့အခါမှာတော့ လုံးဝကွဲသွားပါတယ်။ ဘာလို့လဲဆိုတော့ Looney Tunes World of Mayhem ဂိမ်းရဲ့ Battle က Role-playing ပုံစံကိုမှ Strategy ဆန်ဆန်တိုက်ခိုက်ရတာမို့ပါ။ Hero Character တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင် Ability တွေရှိနေတာမလို့ စိတ်ဝင်စားဖို့ကတော့ တော်တော်လေးကောင်းပါတယ်။ Ability တွေကလည်း တစ်ခါမှမမြင်ဘူးတဲ့ပုံစံ တချို့ဆို ဟာသအနည်းငယ်နှောထားတာတွေလည်းရှိနေတာကြောင့် ဂိမ်းကစားရင်းနဲ့ရီနေရဉီးမှာပါ 😂)။ ပိုပြီးမြင်သွားအောင် Tralier လေးကိုတစ်ချက်ရှိုးလိုက်ပါဉီး။

ငယ်ဘဝရဲ့ ပျင်းနေတဲ့အချိန်တွေမှာ ပျော်ရွှင်မှုတွေပေးစွမ်းခဲ့တဲ့ Comic Character လေးတွေကို Hero Collector RPG ပုံစံမျိုးတစ်ဖန်ပြန်ကစားရမှာကြောင့် တော်တော်များများကြိုက်နှစ်သက်လောက်မှာပါ။ Official release date ကိုကြေညာထားမျိုးမရှိသေးပေမယ့် ဒီကနေ သွားပြီးတော့ Android အတွက် pre-register လုပ်နိုင်ပါပြီခင်ဗျာ။

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: