News

NetEase ရဲ့ဂိမ်းအသစ် King Of Hunters ကို Beta ကစားလို့ရပြီ

Rules of Survival, Survival Royale, Knives Out, Identity V, Onmyoji Arena အစရှိတဲ့ဂိမ်းတွေရဲ့ developer “NetEase” ဟာဂိမ်းအသစ်တခုကိုကြေညာခဲ့ပါတယ်။ ဂိမ်းကို King Of Hunters လို့နာမည်ပေးထားပြီးဂိမ်းရဲ့အမျိုးအစားကတော့မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပဲအသစ်အဆန်းတစ်ခုပါ။ ပြိုင်ဆိုင်မှုတွေပြင်းထန်လာတဲ့ဂိမ်းလောကမှာ China copycat ကြီးလို့အမည်တွင်တဲ့ NetEase ဟာလည်းသူများထက်နောက်ကျကျန်နေခဲ့ချင်ပုံမရပါဘူး။ အခုဂိမ်းဟာလည်း Pc မှာဆို Relam Royale, mobile မှာဆို Snail ရဲ့မကြာသေးခင်က beta ပေးဆော့ထားတဲ့ Survival Heroes နဲ့ပုံစံဆင်တူပါတယ်။ Battle Royale နဲ့ Moba ပေါင်းစပ်ထားတဲ့ပုံစံမျိုးပါ။

မြေပုံပေါ်ကိုကျလာမယ်၊ လက်နက်တွေလိုက်ကောက်ပြီးအသက်ရှင်အောင်ကြိုးစားရမယ်ဆိုတာကတော့အခြားဂိမ်းတွေတူတူပါပဲ။ မတူတာကတော့အခုဂိမ်းဟာ hack and slash ပုံစံမျိုးနဲ့သွားပြီးခုတ်ရတာပါ။ မြေပုံပေါ်ကအရာဝတ္ထုတွေတော်တော်များများဟာထိလို့ကိုင်လို့ရပြီးတောင်တွေအိမ်တွေပေါ်ကို open world ဆန်ဆန်ခုန်ပေါက်ပြေးလွှားနေလို့ရပါသေးတယ်။ ဒါပေမယ့်ဂိမ်းဟာ 2.5D (not 3D) ရုပ်ထွက်နဲ့အပေါ်စီးကကြည့်ပြီးကစားရတဲ့ Top-down ပုံစံနဲ့ကစားရမှာပါ။ Graphic ပိုင်းကတော့ကျေနပ်စရာအနေအထားမှာရှိပါတယ်။

Gameplay style မှာသူများနဲ့မတူပဲ unique ဖြစ်လာတာကတော့ချီးကျူးစရာတစ်ခုပါ။ Multi-tierd ဖြစ်တဲ့အတွက်တောင်ကုန်းတွေအိမ်တွေပေါ်ကနေရုတ်တရက်ဆင်းပြီးတိုက်ခိုက်နိုင်တာမျိုးတွေ Trap တွေထောင်ပြီးခြုံခိုတိုက်ခိုက်နိုင်တာတွေက mobile gamer တွေအတွက်အတွေ့အကြုံအသစ်ပါ။ ဒါ့အပြင်ရွေးချယ်စရာလက်နက်အများကြီးပါရှိပြီး လက်နက်တစ်ခုစီတိုင်းမှာကိုယ်ပိုင် skill တွေပါဝင်ပါတယ်။မြေပုံကလည်းအတော်လေးကျယ်ပြီးလျောက်သွားလို့ကောင်းပါတယ်။ ဒါ့အပြင်လမ်းမှာတွေ့တဲ့မြင်းတွေကိုလည်းတက်စီးနိုင်ပါသေးတယ်။

ဒါ့အပြင်ဗုံးလိုပေါက်ကွဲစေတဲ့လက်နက်တွေလည်းပါဝင်ပြီး rune တွေကိုရှာတွေ့ရင်လည်း talent တွေရမှာပါ။ လက်နှစ်ဖက်ကိုင်ရတဲ့ပုဆိန်ကြီးကိုလွှဲပြီးတွေ့တဲ့လူလိုက်ခုတ်မလားပေါ့ပေါ့ပါးပါးဒါးမြောင်နှစ်လက်နဲ့ခြုံထဲကနေစောင့်မလားဆိုတာကတော့ကိုယ့် style ကိုယ့်ရွေးချယ်မှုပါပဲ။ ဘက်ပေါင်းစံကနေနည်းလမ်းအမျိုးမျိုးနဲ့တိုက်ခိုက်လာနိုင်တာမို့လို့လမ်းလျှောက်နေရင်းနဲ့တောင်သတိထားနေရမှာပါ။

ဂိမ်းကိုစမ်းသပ်ဖို့ beta version ပဲထွက်ရှိသေးတာဖြစ်ပြီးထူးခြားတာကဒီဂိမ်းအတွက်အသိအမှတ်ပြုထားတဲ့နိုင်ငံတွေရဲ့စာရင်းမှာမြန်မာနိုင်ငံပါဝင်နေပါတယ်။ စမ်းဆော့ကြည့်သလောက်ကတော့ game play ပိုင်းမှာအတွေ့အကြုံသစ်ဖြစ်ပြီးဟိုခုန်ဒီခုန်နဲ့ item တွေလိုက်ကောက်ရတာပျော်ဖို့ကောင်းပါတယ်။ Graphic ပိုင်းမှာလည်းမဆိုးပေမယ့် ထစ်တာ lag တာတွေရှိနေပြီး smooth မဖြစ်ပါဘူး (beta မို့ဖြစ်ပါလိမ့်မယ်)။ Basic attack ကနေ skill တွေအထိချိန်သုံးရတာဆိုတော့ရှောင်လို့တိမ်းလို့ရပြီးပိုမိုအဆင့်မြင့်တဲ့ game play အတွေ့အကြုံကိုရရှိစေမှာပါ။

ခြုံပြောရရင်ဒီဂိမ်းဟာအတွေ့အကြုံသစ်တစ်ခုဖြစ်ပြီးစမ်းကြည့်ဖို့လည်းသင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာဆော့လို့ကောင်းမယ့်ဂိမ်းတစ်ခုဖြစ်လာဖို့အလားအလာတွေရှိတာကြောင့်ဆော့ရင်းနဲ့လည်း bug တွေ error တွေကို report လုပ်ရင်း developer team ကို support လုပ်နိုင်ကြောင်းပြောရင်းနဲ့ဒီမှာတင်ရပ်နားခွင့်ပြုပါဦးခင်ဗျာ။ ဂိမ်းရဲ့ beta version ကိုအောက်က link မှာဒေါင်းယူနိုင်ပါတယ်။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password