News

မကြာခင်မှာထွက်ရှိလာတော့မယ့် 1v4 Multiplayer Horrror Game ‘Identity V’ ကို pre- register လုပ်လို့ရနေပြီနော်

Playon က ဘော်ဒါတို့ရေ! မကြာခင်မှာ ဘော်ဒါတို့ရဲ့ ဖုန်းတွေနဲ့ ‘Identity V’ ကို ကစားလို့ရတော့မယ်ဆိုတာ သိပြီးကြပြီလား???

Identity V ဆိုတာ ဘာလဲ???

Identity V က PC ပေါ်က Dead By Daylight ရဲ့ Gameplay ပုံစံကို Android နဲ့ iOS version နဲ့ပြန်ထုတ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ Graphic ပိုင်းက အရမ်းကို horror ဆန်တဲ့အတွက် horror ဖန်တွေအတွက်တော့ ကွက်တိပါပဲ။ သူ့ကို NetEase နဲ့ Behaviour Digital တို့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး အခုလောလောဆယ်မှာတော့ တရုတ်ပြည်မှာကစားလို့ရနေပါပြီ။ ကမ္ဘာအနှံ့အပြားကိုတော့ နောက်လမှ ရောက်ရှိလာမယ်လို့သိရပါတယ်။ ၄ ယောက်၊ တစ်ယောက် ယှဉ်ပြိုင်ရမယ့် ဂိမ်းအမျိုးအစားဖြစ်တာကြောင့် ရှင်သန်သူ လေးယောက်က မုဆိုးတစ်ယောက်နဲ့တွေ့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။

သင်က ရှင်သန်သူ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ရည်ရွယ်ချက်ကမုဆိုးတွေရဲ့ ဖမ်းဆီးမှုကနေ လွတ်အောင် reality ကမ္ဘာထဲ ဝင်တဲ့ ဝင်ပေါက်ကိုရှာဖွေဖို့အတွက် cipher tower တွေလိုက်ပြီးရှာဖွေရမှာပါ။ တစ်ခုသတိထားရမှာက ဂိမ်းထဲကို ရောက်သွားပြီဆိုရင် အသံ တစ်ချက်မှမထွက်မိစေပါနဲ့နော်။ အသံထွက်လိုက်တာနဲ့ “Quiet Place” ဇာတ်လမ်းထဲကလို မကောင်းဆိုးရွား လူသတ်သမားတွေ ရောက်လာမှာပါ။ ကွင်းဆက်လူသတ်သမားအကောင်ကြီးတွေက ‘IT’ ထဲကလို Clown မျက်နှာနဲ့ လွှစက်ကြီး ကိုင်ထားတဲ့ အကောင်ကြီးတွေ ၊ လုံးဝကို မျက်နှာ ပျက်နေတဲ့ ဘီလူးကြီး တွေ နဲ့ အခြား မံမီလို သတ္တဝါ ကြီးတွေလည်း ပါဝင်ပါတယ်။ Survivor လေးတွေကလည်း Coraline ထဲကလို မျက်လုံးက ကြယ်သီးမျက်လုံးလေးတွေနဲ့ပါ။

ဂိမ်းရဲ့ Opening Scene ကိုအောက်မှာကြည့်နိုင်ပါတယ်။

Identity V ရဲ့ Opening Quote လေးကို အောက်မှာဖော်ပြထားပါတယ်။

“အိပ်မက်ဆိုး…. ရှည်လျားပြီး အဆုံးမရှိတဲ့ အိပ်မက်ဆိုး ။ တိတ်ဆိတ်ငြိမ်သတ်နေတဲ့တောကြီးထဲမှာ ရေတွေလို စိုနစ် နေတဲ့ ဇောချွေးတွေနဲ့ ရှင်သန် လွတ်မြောက် ဖို့ အဆုံးအစမရှိ ပြေးနေရတယ်….. အိပ်မက်ဆိုး ကနေနိုးလာပြီပဲ … တော်ပါသေးရဲ့ ခုမှအသက် ဝဝ ရှူနိုင်တော့တယ်။ ဒါပေမယ့် ငါ့ဘေးပက်ဝန်ကျင်က ပုံမှန်မဟုတ်ဘူး။ ဒါအိမ်မတ်ဆိုးထဲမှာပဲ…. ငါ..ငါ မနိုးထလာနိုင်သေးဘူး…အိမ်မတ်ဆိုးထဲမှာပဲရှိနေသေးတာပဲ”

Identity V ကို Preregister လုပ်တဲ့ ပုံစံကလည်း အခြား ဂိမ်းတွေနဲ့ နည်းနည်းကွဲထွက်နေတာကိုတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ အခြားဂိမ်းတွေထဲမှာလို pre-registration website ထဲဝင်လိုက်တာနဲ့ တစ်ခါတည်း တန်းပြီး register လုပ်နိုင်တဲ့ ပုံစံမဟုတ်ပါဘူး။ ဂိမ်းရဲ့ အကြောင်းအရာ ကိုနားလည်ဖို့ နမူနာလေးကစားကြည့်ခိုင်းပါသေးတယ်။ သူ့ကို ခဏကစားပေးပြီး သူရှာခိုင်းတဲ့ clue တွေရှာပြီးမှ register လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့တာကြောင့် Admin ကိုယ်တိုင် pre-registration website ထဲဝင်ပြီး နမူနာ နည်းနည်း ကစားပေးခဲ့ပါတယ်။ Browser game လေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့နော်။ ထင်သလောက်လုံးဝကိုမလွယ်ပါဘူး။ သူ့ကို ပြီးမြောက်မှ pre-register လုပ်လို့ရမှာဆိုတော့ ပြီးအောင်ဆော့မှရမှာပါ။ Admin ကတော့ အပြီးထိ ကစားနိုင်ပါတယ်..ဟဲဟဲ (XD)

ဘော်ဒါတို့ရော အဆုံးသတ်နိုင်မယ် လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလား??? Challenge လေးပေါ့! စိတ်ဝင်စားဖို့ကောင်းပါတယ် try ကြည့်ကြည့်ပါ။ ဒီ link ထဲဝင်လိုက်ရင် Pre-register Website ထဲရောက်ပါတယ်။ ကစားလို့မရဘူးဆိုရင်တော့ အောက်က Video လေးထဲဝင်ကြည့်ပေးပါနော်။ မရမှ ကြည့်နော်… ရရင်မကြည့်ရဘူး။ 😛)

လုံးဝကို ပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေနဲ့ Identity V ကို globally အနေနဲ့ Android/ iOS ပေါ်မှာမကြာခင်တွေ့ရှိရတော့မှာပါ။ သင်အရင်က Dead by Daylight ကို PC (သို့) Console ပေါ်မှာကစားဖူးခဲ့တယ်ဆိုရင် ဇူလိုင်လမှာထွက်ရှိတော့မယ့် သူ့ရဲ့ မိုလ်ဘိုင်း version ထဲမှာတူညီချက်တွေကိုတွေ့နိုင်မှာဖြစ်ပါတယ်။ အခမဲ့ ကစားနိုင်မယ့် ဂိမ်းဖြစ်ပြီး decoration ပိုင်းနဲ့ character ပိုင်း unlock လုပ်ရမှာတွေတော့ရှိပါတယ်။

ကဲ…Playon က ဘော်ဒါတို့ရေ Identity V အကြောင်းကိုလည်း လင်းပြီးပြီဆိုတော့ ဘယ်လိုလဲ ကိုယ့်အကြိုက်နဲ့ ကိုညီတဲ့ ဂိမ်းဖြစ်ရဲ့လား။ ကိုက်ညီတဲ့ဆိုရင်တော့ ဇူလိုင်လအထိ ခဏလောက်စောင့်ပေးကြဖို့လိုပါတယ်နော်။

 

Source

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password